ပလက်ဝမြို့နယ်မှာ ဒေသခံအမျိုးသား၃ ဦး ဓားနဲ့ခုတ်ပြီး အသတ်ခံရတယ်လို့ သိရ
အောက်တိုဘာလ ၁ ရက်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဒေသခံ ၃ ဦး ရခိုင်ပြည်နယ် ကျောက်တော်ကို ပစ္စည်းပို့သွားတဲ့အ ချိန် ဓားခုတ်ဒဏ်ရာနဲ့ အမျိုးသား ၃ ဦးလုံး သေဆုံးနေတာကို မိသားစုဝင်တွေက ပြန်တွေ့ရတယ်လို့ ပလက်ဝ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “စက်တင်ဘာလ ၈ ရက်နေ့က အိန္ဒိယဘက်က ကုန်ပစ္စည်းတွေကို ကျောက်တော်ဘက်ကို သားအဖမြေး အဖိုး ၃ ယောက်ပေါ့ အသွားမှာ အသတ်ခံရတာလား အပြန်မှာ အသတ်ခံရတာလားတော့ မသိရဘူး မိသားစုတွေက အချိန်မှီမရောက်လာတော့ သွားရှာကြည့်တဲ့အချိန် ခေါင်းတခြား၊ ခန္တာကိုယ်တခြား ပလက်ဝမြို့နယ်က ရွာတစ်ရွာမှာ ပြန်တွေ့တာပေါ့” လို့ Chin World Media ကိုပြောပါတယ်။ အလောင်းတွေကို ပလက်ဝမြို့နယ် အောက်ပိုင်းက တန့်ဆိပ်ရွာ ရွာမှာ ၂…

