Headlines

ပလက်ဝပြည်သူတစ်ရပ်လုံး တော်လှန်ရေးအတွက် ငွေကြေးအပါအဝင် အဖက်ဖက်ကနေ ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့ IKACC တိုက်တွန်း

နို၀င်ဘာလ ၂၄ ရက်။

ပလက်ဝပြည်သူတစ်ရပ်လုံး တော်လှန်ရေးတာဝန်ကျေပွန်နိုင်ရေး ဦးထိပ်လျက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကြားကာလခူမီးမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ – (IKACC) ရဲ့ တော်လှန်ရေးလုပ်ငန်းစဉ်အတွက် ငွေကြေးအပါအဝင် အဖက်ဖက်ကနေ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ ဒီကနေ့နိုဝင်ဘာလ ၂၄ ရက်နေ့မှာ IKACC က တိုက်တွန်းကြောင်း ထုတ်ပြန်ပါတယ်။

လက်ရှိဆင်နွဲနေတဲ့ တော်လှန်ရေးဟာ ဒေသတစ်ခု (သို့မဟုတ်) အမျိုးသားတစ်စုလွတ်မြောက်ရေး ဦးတည်တဲ့ တော်လှန်ရေးမဟုတ်ဘဲ တစ်နိုင်ငံလုံးလွတ်မြောက်ရေး ဦးတည်ဆင်နွှဲတဲ့တော်လှန်ရေးဖြစ်တာနဲ့အညီ ပလက်ဝပြည်သူတစ်ရပ်လုံးအနေဖြင့် တော်လှန်ရေးတာဝန် ကျေပွန်နိုင်ရေး ဦးထိပ်လျက် အဖက်ဖက်ကနေ ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့ တော်လှန်ရေးသစ္စာဖြင့် ထုတ်ပြန်ပါတယ်လို့ IKACC က ဖော်ပြထားပါတယ်။

IkACC အနေဖြင့် ၆ နှစ်တာ တော်လှန်ရေးကာလအတွင်း ကဏ္ဍပေါင်းစုံကနေ ကြုံရတဲ့ အခက်အခဲပေါင်းစုံကို တော်လှန်ပြည်သူတွေရဲ့ အားပေးထောက်ခံမှု ပြည်တွင်း/ ပြည်ပ ထောက်ပို့တပ်သားတွေရဲ့ ထောက်ပံ့ကူညီမှု၊ တော်လှန်ရေးနယ်မြေအတွင်းရှိ ဒေသခံတွေရဲ့ အဖက်ဖက်ကနေ ဝိုင်းဝန်းကူညီမှုနဲ့ တော်လှန်ရေး ရဲဘော်လူငယ်တွေရဲ့ ကိုယ်ကျိုးစွန့်ပေးဆပ်မှုတွေကြောင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပြီး IKACC သည် တစ်နိုင်ငံလုံးဆင်နွှဲနေတဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာပါဝင်တဲ့အားလျော်စွာပြည်ထောင်စုအဆင့်၊ ချင်းအမျိုးသားအဆင့်နဲ့ ဒေသတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ရာတွင် တော်လှန်ရေးတိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေအသက်ခန္ဓာစွန့်လွှတ်ပေးဆပ်ခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်တဲ့ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

၆ နှစ်တာ တော်လှန်ရေးကာလအတွင်း ကြုံရတဲ့ အခက်အခဲပေါင်းစုံကို တော်လှန်ပြည်သူတွေရဲ့ အားပေးထောက်ခံမှု ပြည်တွင်း/ ပြည်ပ ထောက်ပို့တပ်သားတွေရဲ့ ထောက်ပံ့ကူညီမှု၊ တော်လှန်ရေးနယ်မြေအတွင်းရှိ ဒေသခံတွေရဲ့ အဖက်ဖက်ကနေ ဝိုင်းဝန်းကူညီမှုနဲ့ တော်လှန်ရေး ရဲဘော်လူငယ်တွေရဲ့ အသက်ခန္ဓာစွန့်လွှတ်ပေးဆပ်ခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းကိုလည်း

ကြားကာလခူမီးမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ – (IKACC)ကို ပလက်ဝမြို့နယ် ခူမီးချင်းမျိုးနွယ်စု တစ်ရပ်လုံးရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကနေ ရပ်တည်ဖို့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်နေ့ မှာ ဖွဲ့စည်းခဲ့တဲ့ တော်လှန်ရေး အဖွဲ့အစည်းဖြစ်တဲ့အညီ မျော်မှန်းထားတဲ့ တော်လှန်ရေးပန်းတိုင် အောင်မြင်ရေးအတွက် မားမားမတ်မတ် ရပ်တည်လာခဲ့တာ ၆ နှစ်တိုင်ခဲ့ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *