Headlines

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ချင်းပြည်နယ်မှာ ၁၆၁ ဦးအောင်မြင်

ဇွန်လ ၂၈ ရက်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းကို ဇွန်လ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်ပြီး ချင်းပြည်နယ် ဟားခါးနဲ့တီးတိန်မြို့နယ်မှာ ဖြေဆိုသူ ၈၄၃ ဦးအနက် ၁၆၁ ဦး(တီးတိန် ၄၇, ဟားခါး ၁၁၄) အောင်မြင်ကာ တနိိုင်ငံလုံးအတိုင်းအတာမှာ အောင်ချက် ၁၉ ဒသမ ၁၀ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာပါတယ်။

မနှစ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ချင်းပြည်နယ်ကနေ ဖြေဆိုသူ ၄၀၈ ဦး ရှိပြီး စာမေးပွဲ အောင်မြင်သူ ၁၁၀ ဦးသာရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ချင်းပြည်နယ်ကနေ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ အနည်းဆုံးနှစ် ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *