Headlines

ဂန့်ဂေါမြို့ ခလရ (၅၀) က စစ်ကော်မရှင်တပ်သားတစ်ဦး CDF – KKG ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ထုတ်ပြန်

မေလ ၃ ရက်။

ဂန့်ဂေါမြို့၊ ခလရ (၅၀)မှ ရဲဘော် ကောင်းခန့်(ခ) အာဇာနည် ဟာ Chinland Defense Force – Kalay Kabaw Gangaw ( CDF – KKG) တပ်ဖွဲ့ထံ ဧပြီလ ၁၉ ရက်နေ့က အလင်းဝင်လာတယ်လို့ CDF – KKG က ဒီကနေ့ မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကိုယ်ပိုင်အမှတ် (တ- ၅၄၆၇၉၅) ရဲဘော် ကောင်းခန့် (ခ) အာဇာနည် ဟာ ဧပြီလ ၁၉ ရက်နေ့က CDF – KKG ထံ MA 1 လက်နက် အမျိုးစား ၁ လက် ၊ ကျည်ဘောက် ၄ ဘောက် ၊ ကျည် (၁၃၅)ထောင့်နှင့်လက်ပစ်ဗုံး (၂) လုံးနှင့်အတူ အလင်းဝင်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ ရဲဘော် ကောင်းခန့် (ခ) အာဇာနည် ကို ဆုကြေးငွေ ကျပ်သိန်း ၅၀ ချီးမြင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့လည်း CDF – KKG က ထုတ်ပြန်ပါတယ်။

Chinland Defense Force – Kalay Kabaw Gangaw တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း ကလေး – ကဘော် – ဂန့်ဂေါ နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *