Headlines

ဟားခါးမြို့မှာ ပြည်သူတွေကို ငွေညစ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊၁ ဦး ဒဏ်ရာရခဲ့တယ်လို့ CDF – Hakha ထုတ်ပြန်

မတ်လ ၁၁ ရက်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ ပြည်သူတွေကို မတရားနှောက်ယှက်ပြီး ငွေညစ်တာတွေ လုပ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁ ဦး အခင်းဖြစ်ပွားရာနေရာမှာတင် သေဆုံးပြီး ၊ ၂ ဦးဒဏ်ရာရခဲ့ကာ ဒဏ်ရာရသူထဲက တစ်ဦး ထပ်မံ သေဆုံးတယ်လို့ ဟားခါးမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Chinland Defense Force – Hakha(CDF-Hakha) မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ဒီကနေ့ ဟားခါးမြို့ပေါ်မှာ ဆိုင်ကယ်စီးလာသူတွေကို စစ်ဆေးငွေညစ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦးက နေရာမှာတင်သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကာ ဒဏ်ရာရသူထဲက ၁ ဦးဟာ စခန်းသို့ရောက်ရှိပြီး မကြာမီ ထပ်မံ သေဆုံးခဲ့တယ်လို့လည်း Chinland Defense Force – Hakha အဖွဲ့က ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်း ၈ နာရီ ဝန်းကျင်လောက်မှာ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်မှာ ဒေသခံပြည်သူတွေကို ယာဉ်မောင်းလိုင်စင်တွေ စစ်ဆေးပြီး ငွေညစ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို Chinland Defense Force – Hakha အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြည်သူလူထုအား မတရားနှောက်ယှက်ခြင်း၊ ငွေညစ်တောင်းခံခြင်းများ ပြုလုပ်နေတဲ့ အဖွဲ့အစည်းများအနေဖြင့် နောက်တစ်ကြိမ် ထပ်မံမပြုလုပ်ရန်နှင့် မတရားလုပ်ရပ်များ ဆက်လက်ပြုလုပ်ပါက ထိရောက်သော အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း Chinland Defense Force – Hakha အဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

ဟားခါးမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ Chinland Defense Force – Hakha တပ်ဖွဲ့ဟာ ဟားခါးမြို့ပေါ်က စစ်ကော်မရှင်တပ်ဖွဲ့နဲ့မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလေ့ ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *