Headlines

ဟားခါးနဲ့တီးတိန်မြို့မှာ စက်သုံးဆီ ဈေးတက်တာ မရှိပေမယ့် အပိုအလျှံဝယ်ယူခွင့်တော့ မပေးတော့ဘူးလို့ သိရ

မတ်လ ၅ ရက်။

ချင်းပြည်နယ် မြောက်ပိုင်း ဟားခါးမြို့နဲ့ တီးတိန်မြို့မှာ စက်သုံးဆီဈေးနှုုန်းတွေ ဈေးတက်တာမျိုးမရှိဘဲ ပုံမှန်အခြေအနေမှာ ရှိပြီး တီးတိန်မြို့မှာတော့ ပုံးတွေနဲ့ အပိုအလျှံ ဝယ်ယူတာတွေကိုတော့ စက်သုံးဆီရောင်းသူတွေက ခွင့်မပြုတော့ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တီးတိန်မြို့နေဒေသခံတစ်ဦးက “တီးတိန်မြို့ပေါ်မှာ စက်သုံးဆီဈေးက အရင်တုန်းကအတိုင်း ပုံမှန်ပါဘဲ ၁ ဂါလံ ၂၆,၀၀၀ ဈေးရှိတယ် ဈေးလည်း မတက်ဘူး ဒါပေမယ့် ပါဆယ် ပုံးတွေနဲ့တော့ ဝယ်ယူခွင့် မပေးတော့ဘူး ထည့်ချင်တဲ့လူတွေကိုတော့ ပုံမှန်ထည့်ပေးပါတယ်” လို့ပြောပါတယ်။

ဟားခါးမြို့နေ ဒေသခံတစ်ဦးက “ဈေးတက်တာတွေလည်း မရှိသေးဘူး ပုံမှန်အနေထားပါဘဲ မနေ့ကလည်း ဆီကားရောက်လာသေးတယ် ထည့်နေကြတာပဲ ပြတ်လပ်တာမျိုးတွေ ဈေးတက်တာတွေ မရှိဘဲ ပုံမှန်အနေအထားမှာ ရှိတယ်” လို့ပြောပါတယ်။

အမေရိကန် – အီရန် စစ်ပွဲဂယက်ကြောင့် မြန်မာနိုင်ငံမှာလည်း စက်သုံးဆီ ပြတ်လတ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့နယ်အားလုံးနီးပါးမှာ စက်သုံးဆီကို အလုအယက် တန်းစီဝယ်ယူမှုတွေ များပြားခဲ့ပြီး တချို့ဒေသမှာ စက်သုံးဆီ ဈေးတွေ အဆမတန် ဈေးတွေနဲ့ ရောင်းချ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ကတော့ စက်သုံးဆီခြိုးခြုံချွေတာဖို့ မော်တော်ယာဉ်ပိုင်ရှင်တွေ လိုက်နာရမယ့် စည်းကမ်းများ သတ်မှတ်ပြဌာန်းတာတွေ လုပ်ဆောင်တာ ရှိသလို စက်သုံးဆီလုပ်ငန်းရှင်တွေ နဲ့ ပြည်သူတွေပါ စက်သုံးဆီတွေ ဝယ်ယူစုဆောင်းတာ၊ ဈေးနှုန်းမြှင့်ရောင်းတာတွေ မလုပ်ဖို့ နဲ့ ဖောက်ဖျက်ရင် အရေးယူမယ်လို့ သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *