Headlines

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် မွေးနေ့အထိမ်းအမှတ်အဖြစ် ပလက်ဝမြို့နယ်မှာ အကျဉ်းသား ၃၀ ကို ပြန်လွှတ်ပေး

မတ်လ ၅ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် ( ULA / AA) တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် အရပ်သား အကျဉ်းသားဦးရေ ၃၀ ကို မတ်လ ၄ ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော် ( ULA / AA) ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ရဲ့ အသက် ၄၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မတ်လ ၄ ရက်နေ့မနက်က ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် ( ULA / AA) က လွှတ်ပေးလိုက်တဲ့ထဲ စစ်သုံ့ပန်း ၁၆ ဦး၊ ရဲသုံ့ပန်း ၁ ဦးနဲ့ ၎င်းတို့ရဲ့ မိသားစုတွေ ၅ ဦးနဲ့ အရပ်ဘက် ၈ ဦးတို့ကို ပြန်လွှတ်ပေးတာလို့ We love Paletwah ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေ အရပ်ဘက်အကျဉ်းသားတွေကို အာရက္ခတပ်တော် ( ULA / AA) ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် မွေးနေ့အထိမ်းအမှတ် အနေဖြင့် ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး လွှတ်လာတဲ့ အရပ်ဘက် အကျဉ်းသားတွေမှာ ပလက်ဝဒေသခံတချို့က ၎င်းတို့အသိတွေ မပါဝင်ကြဘူးလို့လည်း ပြောပါတယ်။

ပလက်ဝမြို့နယ်ကိုထိန်းချုပ်ထားတဲ့ အာရက္ခပြည်သူ့အစိုးရဟာ ပလက်ဝမြို့နယ်မှာ စစ်သုံ့ပန်းတွေကို (၁၀) ကြိမ်အထိ လွှတ်ငြိမ်း ပေးထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *