Headlines

ဖလမ်းမြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ လူဦးရေ ၆၀၀ ကျော်ကို အခြေခံစားနပ်ရိက္ခာနဲ့ မိုးကာတွေ သွားရောက်လှူဒါန်းနေတယ်လို့ CNO ထုတ်ပြန်

ဖေ ဖော်ဝါရီလ ၅ ရက်။

ဖလမ်းမြို့နယ်အတွင်း နဲ့ မြေပြန့်ဒေသ အပါအဝင် မီဇိုရမ်ပြည်ကို ရောက်ရှိနေတဲ့ ဖလမ်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူ လူဦးရေအားဖြင့် ၆၀၀ ကျော်ကို CNO က အခြေခံစားနပ်ရိက္ခာတွေနဲ့ မိုးကာတွေ သွားရောက်လှူဒါန်းနေတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO ) ရဲ့ Humanitarian Department မှ အတွင်းရေးမှူး Cung Ngai က ပြောပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) , Humanitarian Department မှ အတွင်းရေးမှူး Cung Ngai က “အခုကတော့ ဖလမ်းမြို့နယ်ထဲမှာပေးနေတယ် မြေပြန့်ဘက်လည်း ပါဝင်တယ် အခုပေးတဲ့ဟာတွေက လောလောဆယ်တော့ မပြီးသေးဘူး ကျန်နေသေးတယ် လူဦးရေအားဖြင့် ပေးရဖို့က ၆၀၀ ကျော်လောက်ဖြစ်တယ် အိမ်ထောင်စုနဲ့ဆိုရင် ၂၀၀ နီးပါးလောက်ဖြစ်မယ် ဒါပေမယ့် လောလောဆယ်မပြီးသေးဘူး” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ လဆန်းကတည်းကစလို့ ဖလမ်းမြို့ကို စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ တကျော့ပြန် ထိုးစစ်ဆင် စစ်ကြောင်းတွေကြောင့် ဖလမ်းမြို့နယ်အတွင်းမှာ ကလေးတောင်ပိုင်းက ဒေသခံအရပ်သားတွေအပါအဝင် ဒေသခံ ၂ သောင်းကျော်ဟာ တောတောင်တွေထဲ စစ်ဘေးေရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်ကနေ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၇ ရက်နေ့လောက်ကစလို့ ကလေးမြို့တောင်ပိုင်း ကလေး – ဂန်ဂေါလမ်းဖက်ကို စစ်ကြောင်းထိုးခဲ့ပြီး အဲဒီကနေ စစ်ကော်မရှင်တပ်အင်အား ၁၀၀၀ ဝန်းကျင်သုံးပြီး ကလေး – နတ်ချောင်း – ချောင်းခွ – ဟားခါးလေး – ဝေဘူလ ကနေ ဖလမ်းမြို့ကို စစ်ကြောင်း ၁ ကြောင်း ကလေး – သိုင်းငင်းကနေ စစ်ကြောင်း ၁ ကြောင်းနဲ့ထိုးစစ်ဆင် နေကာ လမ်းတစ် လျှောက်မှာ ချင်းလက်နက်ကိုင်တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေတာ ၃ လဝန်းကျင်ရှိနေပြီလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *