
ဖေဖော်ဝါရီလ ၄ ရက်။
ရွှေ့ပြောင်းအခြေချသူဦးရေများစွာရှိတဲ့ ချင်းပြည်နယ်မြိုတော် ဟားခါးမြို့မှာ မှတ်ပုံတင်အသစ်ပြုလုပ်တာ စတဲ့ ကိစ္စတွေအတွက် ကြားခံပွဲစားတွေကြောင့် ဈေးသိန်းချီပိုပေးနေရတယ်လို ဟားခါးမြိုဒေသခံတွေဆီကနေ သိရပါတယ်။
မှတ်ပုံတင်အသစ်ပြုလုပ်ချင်သူတွေအနေဖြင့် ဟားခါးမြိုပေါ်မှာ လူကိုယ်တိုင်မရှိရင် လုပ်ဆောင်ပေးခ ၅ သိန်းခန့်ပေးဆောင်ရပြီး လူကိုယ်တိုင် ဟားခါးမြိုမှာရှိရင် ၂ သိန်းခန့် ပေးဆောင်ရတယ်လို ဟားခါးမြိုကို ရွှေ့ပြောင်းနေထိုင်ကြသူတွေဆီကနေ သိရပါတယ်။
ဟားခါးမြို့နေဒေသခံတစ်ဦးက “ကျနော်ကတော့ ကိုယ်တိုင်လဝကရုံးသွား ဖောင်ဖြည့်ပြီးလုပ်တာ လက်ဖက်ရည်ဖိုးဆိုပြီး တစ်သောင်းငါးထောင်လောက်ပဲ ပေးခဲ့တယ် အခုက ဗမာ၊ ရခိုင် ပြီးတော့ ပလက်ဝဘက်က ဒေသခံတွေ ဟားခါးရောက်လာတော့ အရင်က ပွဲစားမလိုတာတွေတောင် သူတိုရောက်မှ လိုတော့တာ ဘာလိုလည်းဆိုရင် ကြားခံပေးတဲ့သူရှိရင် အမြန်လည်း ရတာပေါ့ အများအားဖြင့် ရုံးက အငယ်တွေက ပြည်မဖက်က ဓလေ့အကျင့်တွေ သယ်လာကြတာ နောက်ပြီး ရွာဖက်ကလူတွေဆိုရင် ရုံးဝင်ဖိုဆိုရင် ကြောက်ကြတယ်လေ အဲလိုတွေကြောင့် ဥပမာ လူကြီးက ၅ သောင်းတောင်းရင် သူတိုက ၂ သိန်းလောက်တောင်းရော အဲလိုတွေဖြစ်တာကြောင့်ပေါ့” လိုပြောပါတယ်။
လက်ရှိချင်းပြည်နယ်မှာ မှတ်ပုံတင်ပြုလုပ်ပေးနိုင်တာ ဟားခါးမြို့နဲ့ တီးတိန်မြို့ ၂ မြိုသာ ကျန်တော့တာဖြစ်ပြီး ကျန်မြိုနယ်အများစုကို ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲက ထိန်းချုပ်ထားတာကြောင့် ချင်းပြည်နယ် တောင်ပိုင်း မြိုနယ်အတွက် ပခုက္ကူမှာ ရုံးဖွင့်ထားပြီး ချင်းပြည်နယ်မြောက်ပိုင်းမြိုနယ်တချိုအတွက် ကလေးမြို့မှာ ပြောင်းရွှေ့ကာရုံးဖွင့်ထားရတယ်လို သိရပါတယ်။
အစိုးရရုံးပိုင်ဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက “ချင်းပြည်နယ်မှာ မှတ်ပုံတင်လုပ်တာတွေအတွက် မြို့နှစ်မြို့ပဲကျန်တာ ဟားခါးမှာဆိုရင် ထန်တလန် ရုံးလာထိုင်တယ် ၊ ပခုက္ကူမှာ ချင်းပြည်နယ်တောင်ပိုင်းက ရုံးတွေထိုင်တယ် ၊ ကလေးမြို့မှာက ချင်းပြည်နယ်မြောက်ပိုင်းက ရုံးတွေထိုင်တယ် ဖြစ်နေတာက မင်းတပ် ၊ မတူပီဆိုရင် ပခုက္ကူမှာ တောင်တာဝန်ခံတွေ မရှိဘူး Non – CDM တွေကို ဖမ်းမယ်ဘာညာလုပ်တဲ့ အကျိုးဆက်တွေက ပွဲစားလောက ပေါ်လာစေတာဘဲ”လိုပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန် ချင်းပြည်နယ်က မြို့နယ်တချိုမှာ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပဋ္ဋိပက္ခတွေကြောင့် ပြည်တွင်း၊ ပြည်ပ ထွက်ပြေးတိမ်းရှောင်ကြတာရှိသလို ချင်းပြည်နယ်တောင်ပိုင်းကမြို့နယ် တွေက ချင်းဒေသခံပြည်သူတချိုဟာ မကွေးတိုင်း ဘက်ကို စစ်ဘေးရှောင်ရွှေ့ပြောင်းနေထိုင်ခဲ့ရသလို ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်း၊ထန်တလန်မြို့ကပြည်သူများဟာ ဟားခါးမြို့ပေါ် ၊ တီးတိန်မြို့ပေါ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်ကို အများစု ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။

