Headlines

ဟားခါးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို CDF-Hakha ဝင်ရောက်တိုက်ခိုက်၊ ဟားခါးမြို့နားမှာ တိုက်ပွဲများ ပြင်းထန်

ဒီဇင်ဘာလ ၂၆ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ရုန်းတောင် (Rungtlang) ရှိ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက်နံနက် ၆:၃၀ နာရီခန့်မှာ ဟားခါးမြို့နယ်မှာ စစ် ရေးလှုပ်ရှားတဲ့ CDF-Hakha တပ်ဖွဲ့ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊လက်ရှိအချိန်အထိ ဟားခါးမြို့အနီး ပတ်ဝန်းကျင် နေရာ (၃) ခုခန့်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသတွင်းမီဒီယာများ ဖော်ပြချက်အရ သိရပါတယ်။

ဒေသခံတစ်ဦးက “ဒီမနက် ၆ နာရီခွဲကတည်းက တိုက်ပွဲစဖြစ်တာ။ အရမ်းပြင်းထန်တယ်။ ရုန်းတောင်ပေါ်က စစ်ကောင်စီစခန်းထဲမှာလည်း မီးတွေ အတော်လောင်နေတာ မြင်ရတယ်” လို့ ဟားခါး ဒေသတွင်းမီဒီယာဖြစ်တဲ့ လုံမီလီ (Lungmili Post) သို့ ပြောပါတယ်။

တိုက်ပွဲနှင့် ပတ်သက်သည့် အသေးစိတ် သတင်းအချက်အလက်များကို Chin World Media မှ ဆက်လက်အတည်ပြုနိုင်ရန် ကြိုးပမ်းနေပြီး ဟားခါးမြို့ခံများထံ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ် မေးမြန်း နေကာ ထပ်မံဖော်ပြပေးသွားမည်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *