Headlines

ဖလမ်းမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်က ၁ လ အတွင်း လေကြောင်းကနေ အကြိမ် ၅၀၀ ကျော် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

created by Polish

ဒီဇင်ဘာလ ၁၈ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ချင်းတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေအတွင်း ၁ လကျော် အတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဟာ လေကြောင်းကနေ အကြိမ် ၅၀၀ ကျော် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီလို့ ဖလမ်းမြို့နယ်မှာအခြေစိုက်ပြီးစစ်ရေးလှုပ်ရှားနေတဲ့ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO / CNDF)ရဲ့ ကာကွယ်ရေးဝန်ကြီး Pu Nehemiah Van က ပြောပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဟာ လေကြောင်းကနေ အကြိမ် ၁၀၀၀ နီးပါး လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိဖလမ်းမြို့ကိုပြန်ရဖို့အတွက် စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲကာလ ၁ လကျော် အတွင်း လေကြောင်းကနေ အကြိမ်ရေ ၅၀၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့ပြီဖြစ်တယ်လို့ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ( CNO / CNDF) ကာကွယ်ရေးဝန်ကြီး Pu Nehemiah Van က ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြုလုပ်တဲ့ CNO / CNDF ရဲ့online မှာ ရန်ပုံငွေရှာတဲ့အစီအစဉ်မှာပြောခဲ့တာဖြစ်ပါတယ်။

CNO / CNDF ကာကွယ်ရေးဝန်ကြီး Pu Nehemiah Van က “ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေလည်း လက်ပန်းကျနေပြီ ဒါပေမယ့် ရန်သူကို အထင်သေးလို့တော့ မရဘူး အဲလိုမျိုးအခြေအနေရှိတယ် လေကြောင်းတိုက်ခိုက်မှုကလည်း ဖလမ်းမြို့သိမ်းတုန်းက လေကြောင်းကနေ အကြိမ် ၁၀၀၀ နီးပါး တိုက်ခိုက်ခဲ့တယ် အခု စကစ ပြန်ထိုးစစ်ဆင်လာတဲ့ လေကြောင်းတိုက်ခိုက်မှုက အကြိမ် ၅၀၀ ကျော်သွားပြီ ဖလမ်းမြို့ကို ကျနော်တို့ ခွင့်ပြုချက်မရရင် ဝင်လို့မရစေရဘူးဆိုတဲ့ ခံယူချက်နဲ့ တိုက်ပွဲဝင်နေတယ်ဆိုတော့ CNDF ဖြစ်စေ ကျနော်တို့နဲ့အတူ တိုက်ပွဲဝင်နေတဲ့ သူတွေကလည်း အရမ်းကြိုးစားထားတော့ အခု စကစ ဘက်က ဒဏ်ရာရတဲ့သူ ကျဆုံးတာတွေ အရမ်းများနေပြီ လက်နက်ရတာတွေလည်း အများကြီးရှိပြီ သူတို့ဘက်က လက်နက်ချတာတွေလည်း အများကြီးရှိပြီ အဲလိုအခြေအနေရှိတယ် ကျနော်တို့လည်း ပင်ပန်းပေမယ့် ကျနော်တို့ နယ်မြေမှာ ကျနော်တို့ခွင့်ပြုချက်မရှိဘဲ ပြန်မရစေရဘူးဆိုတဲ့ ခံယူချက်နဲ့ တိုက်ပွဲဝင်နေတဲ့ခါကြတော့ ကျနော်တို့အခြေအနေကောင်းတယ်” လို့ပြောပါတယ်။

လက်ရှိ ဘွာလ်ခွာကနေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဖွဲ့ဟာ လေကြောင်းကနေ ဗုံးကြဲတာ လေကြောင်းကနေ လက်နက်ခဲယမ်း စားနပ်ရိက္ခာတွေ စစ်ကူပို့ဆောင်တာတွေ လုပ်နေတဲ့ကြောင်းကိုလည်း CNO / CNDF ကာကွယ်ရေးဝန်ကြီး Pu Nehemiah Van က ပြောပါတယ်။

ဖလမ်းမြို့ ကိုပြန်ထိန်းချုပ်ဖို့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့လောက်စလို့ ဖလမ်းမြို့နယ် ဝေဘူလမြို့ကနေ အင်အား အမြောက်အများနဲ့ ဖလမ်းမြို့ကို ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ကစလို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ အကြား လမ်းတလျှောက် ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *