Headlines

ချင်းလူငယ် ဖိုက်တာ Joshua Van ကမ္ဘာ့ချန်ပီယံခါးပတ် ဆွတ်ခူးခဲ့တဲ့အပေါ် ဝမ်းမြောက်ကြောင်း CNF ထုတ်ပြန်

ဒီဇင်ဘာလ ၈ ရက်။

အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ် ၊ လာစ်ဗီးဂတ်မြို့မှာ မနေ့ ဒီဇင်ဘာလ (၇) ရက်နေ့မှာ ကျင်းပခဲ့တဲ့ UFC ဖလိုက်ဝိတ်တန်း ချန်ပီယံ ခါးပတ်လုပွဲမှာ မြန်မာနွယ်ဖွား ချင်းလူငယ် ဖိုက်တာ Joshua Van က ပြိုင်ဘက်ကို အနိုင်ယူပြီး UFC ဖလိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ဆွတ်ခူးခဲ့တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF) အနေနဲ့ အထူးဝမ်းမြောက်တယ်လို့ CNF က ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းလူငယ် ဖိုက်တာ Joshua Van ဟာ UFC လောကမှာ ဒုတိယအသက်အငယ်ဆုံး ချန်ပီယံဖြစ်တဲ့အပြင် အာရှတိုက်တစ်ခုလုံးရဲ့ ပထမဆုံး အမျိုးသားချန်ပီယံအဖြစ် အလှဆုံးသမိုင်းစာမျက်နှာသစ် ဖန်းတီးသူဖြစ်ကြောင်းနဲ့ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ ၊ ဝရီယစိုက်ထုတ်မှု၊ မိသားစုအပေါ် မေတ္တာ၊ စေတနာထားမှုနဲ့ မိဘကျေးဇူးသိတက်မှုဟာ အနာဂါတ်လူငယ်တွေအတွက် အတုယူစရာဖြစ်ကြောင်းနဲ့ ရှေ့ဆက် ကစားပွဲတိုင်းမှာလည်း အောင်ပွဲ အလီလီဆွတ်ခူးနိုင်ပါစေကြောင်း ဆန္ဒပြုတယ်လို့ CNF က ထုတ်ပြန်ပါတယ်။

ဖလိုက်ဝိတ်တန်း ချန်ပီယံ ခါးပတ်လုပွဲမှာ မြန်မာနွယ်ဖွား ချင်းဖိုက်တာ Joshua Van က ဘရာဇီးနိုင်ငံသား Alexandre Pantoja ကို စက္ကန့်ပိုင်းအတွင်း Techcical Knockout (KTO) နဲ့ အနိုင်ယူခဲ့ပြီး ကမ္ဘာ့ ချန်ပီယံ ခါးပတ်ကို ထိုက်တန်စွာ ဆွတ်ခူးသွားခဲ့ပါတယ်။

မြန်မာပြည်ဖွား၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လက်ရှိ UFC မှာ ပြိုင်ပွဲပေါင်း ၉ ပွဲအထိ ထိုးသတ်ထားပြီး ၈ ပွဲနိုင်၊ ၁ ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *