Headlines

ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်း နဲ့ ထိုင်းဖိုက်တာ တို့ One Championship ပွဲ အောက်တိုဘာလ ၂၄ ရက်ညမှာ ယှဉ်ပြိုင်ထိုးသတ်မယ်

အောက်တိုဘာလ ၂၂ ရက်။

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ အောက်တိုဘာလ ၂၄ ရက်ညမှာ ကျင်းပပြုလုပ်မယ့် One Championship , One Friday Flight – 130 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု အသက် ၁၉ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်းနဲ့ ထိုင်းဖိုက်တာ ဆောင်ချိုင်နွိုင်တို့ ယှဉ်ပြိုင်ထိုးသတ်သွားကြမှာဖြစ်ပါတယ်။

ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်း ဟာ မြန်မာရိုးရာလက်ဝှေ့မှာ လက်ဆပြင်းသူဖြစ်ပြီး One Championship ပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ထိုးရမယ့်ပွဲဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ၊ အရပ် ၅ ပေ ၄ လက်မရှိတဲ့ မြန်မာကိုယ်စားပြု ချင်းဖိုက်တာ ဆလိုင်းထန်းခွီရှိန်းဟာ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် One Championship ပြိုင်ပွဲမှာ ပြိုင်ပွဲ အတွေ့အကြုံရှိတဲ့ အသက် ၂၅ နှစ်အရွယ် ရှိသူ ထိုင်းဖိုက်တာ ဆောင်ချိုင်နွိုင်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။

ထိုင်းဖိုက်တာ ဆောင်ချိုင်နွိုင်ဟာ One Championship ပြိုင်ပွဲမှာ ၁၀ ပွဲထိုး ၊ ၉ ပွဲနိုင် ၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ရှိထားသူဖြစ်တာကြောင့် ချင်းဖိုက်တာ ဆလိုင်းထန်းခွီရှိန်း အတွက် ခက်ခဲမယ့် ပွဲလည်းဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့ ည ၇ နာရီခွဲမှာ ကျင်းပမယ့် One Championship , One Friday Flight – 130 ပြိုင်ပွဲမှာ ဆွန်ရက်နဲ့ ဆလိုင်းထန်းခွီရှိန်း အပါအ၀င် မြန်မာဖိုက်တာ ၂ ဦး ပွဲပါဝင်ထားပြီး ချင်းဖိုက်တာ ဆလိုင်းထန်းခွီရှိန်း နဲ့ ထိုင်းဖိုက်တာ ဆောင်ချိုင်နွိုင် ပွဲကို ဒုခေါင်ပွဲမှာ တည်ပေးထားတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ညမှာထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ One Championship, One Friday Flight – 129 ပြိုင်ပွဲမှာလည်း ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေးက ဂျပန်ဖိုက်တာ ကို အနိုင်ယူထားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *