ပလက်ဝမြို့ကို ဒီကနေ့ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၂ ဦးသေဆုံး၊ဒဏ်ရာရသူများစွာရှိနေ

စက်တင်ဘာလ ၂၉ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ဒီကနေ့စက်တင်ဘာလ ၂၉ ရက် နေ့လည် ၁၂ နာရီခွဲအချိန်မှာ စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချခဲ့တဲ့အတွက်အမျိုးသမီး ၂ ဦးသေဆုံးကာ၊ထိခိုက်ဒဏ်ရာရသူများစွာရှိနေတယ်လို့ ပလက်ဝဒေသခံတချို့ကပြောပါတယ်။

ပလက်ဝမြို့ရှိဒေသခံများကို Chin World Media အနေဖြင့် ဒီကနေ့ ကြိမ်ဖန်များစွာဆက်သွယ်ပေမယ့် လက်ရှိအချိန်အထိ မေးမြန်းမရသေးပါ။

ပလက်ဝသတင်းတွေရေးသားဖော်ပြတဲ့ We Love Paletwah Page ရဲ့သတင်းမှာ ပလက်ဝဒေသခံတစ်ဦးက

“ပစ်တာက ၃ လုံးပါ။ ၁၂ နာရီခွဲ တစ်လုံး နောက် ၅ မိနစ်လောက်မှာတစ်လုံး နောက် ၁၂ နာရီ ၄၀ မှာ တစ်လုံး လာပစ်သွားတာပါ။ အမျိုးသမီးနှစ်ယောက် သေသွားတယ်။ ဒဏ်ရာရသူတွေကတော့ အများကြီးပါပဲ” လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေအထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ပါရှိနေသေးတယ်လို့ သူက ဆိုပါတယ်။

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။

Photo By We love Paletwah

Leave a Reply

Your email address will not be published. Required fields are marked *