
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ပန်ခွားရွာမှာ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားတစ်ဦးဟာ ထွက်ပြေးစဉ် အိန္ဒိယ – မြန်မာ နယ်စပ် Tio ချောင်းမှာ ရေနစ်သေဆုံးလျက်အလောင်းကို စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရေနစ်သေဆုံးခဲ့တဲ့ ချင်းအမျိုးသားဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် Salen ကျေးရွာက ဦးရွှေကျုံးဖြစ်ပြီး ၎င်းယာဉ်မောင်းနဲ့အတူ စက်တင်ဘာလ ၄ ရက်နေ့မှာ လောင်တလိုင်ခရိုင်၊ ပန်ခွားကျေးရွာမှာ မူးယစ်ဆေးဝါးသယ်ဆောင်မှုဖြင့် ဖမ်းဆီးခံရစဉ် ထွက်ပြေးခဲ့တာလို့ သိရပါတယ်။
အခြေနေသိရှိသူတစ်ဦးက “ဖမ်းဆီးမိတဲ့နေ့ကတည်းက ထွက်ပြေးတာလို့သိရတယ် အဲဒီလမ်းတလျောက် ဂိတ်တွေကလည်းချထားတော့ သူက တောလမ်းကနေ ထွက်ပြေးတာလို့ပြောတယ် အဲဒါမနေ့က Vartekkai ရွာချောင်းမှာ ဒဏ်ရာများစွာနဲ့ သူ့လောင်းကို တွေ့ကြတယ်လို့ သိရတယ်” လို့ပြောတယ်။
မူးယစ်ဆေးဝါးသယ်ဆောင်မှုဖြင့် ဖမ်းဆီးခံရစဉ် ဦးရွှေကျုံးက ကွမ်းဝယ်မယ်လို့ဆိုကာ ထွက်သွားကာ ပြန်မလာတော့ဘဲ တောလမ်းအတိုင်း ထွက်ပြေးသွားခဲ့ကာ စက်တင်ဘာလ ၉ ရက်နေ့မှာ ရေနစ်သေဆုံးလျက်အလောင်းကို အိန္ဒိယ – မြန်မာ နယ်စပ်ချောင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဦးရွှေကျုံးအလောင်းမှာ ဒဏ်ရာတွေအများကြီးဖြင့် တွေ့ရှိခဲ့ရသလို ၎င်းနဲ့အတူ လိုက်ပါတဲ့ ယဉ်မောင်း ထွန်းထွန်းကိုတော့ ဖမ်းဆီးထားဆဲဖြစ်ပြီး ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လက်ရှိ ထိန်းသိမ်းထားတဲ့တယ်လို့လည်း သိရပါတယ်။