Headlines

ဖမ်းဆီးထိန်းသိမ်းထားတဲ့ CNO/CNDF-UCR ရဲ့ ဒု – အတွင်းရေးမှူးကို ပြန်လွှတ်ပေးလိုက်တယ်လို့ CDF – Hualngoram ကပြော

ဩဂုတ်လ ၂၅ ရက်။

CDF – Hualngoram ကဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF – UCR (Upper Chindwin Relegion) AGS )ဒု – အတွင်းရေးမှူးကို သြဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ CDF – Hualngoram က တာဝန်ရှိသူတစ်ဦးက Chin World မီဒီယာကို ပြောပါတယ်။

CDF – Hualngoram တာဝန်ရှိသူတစ်ဦးက “CNO / CNDF ရဲ့ ဒု – အတွင်းရေးမှူးကို မနေ့က နေ့လည် ၂ နာရီမှာ ကျနော်တို့ CDF – Hualngoram ကခေါင်းဆောင်တွေနဲ့ ပါစတာခေါ်ပြီးတော့ သူ့ဘက်က သူ့အမျိုးသမီးနဲ့ သူ့ရဲ့ အဖေကိုခေါ်ပြီးတော့ သူတို့ဆီအပ်တယ်ပေါ့ ကောင်းကောင်းမွန်မွန်နဲ့ အပ်ပြီး ပြန်လွှတ်ပေးတယ် အခုကျနော်တို့ လွှတ်ပေးလိုက်တဲ့သူက တိုက်ပွဲအတွင်းဖမ်းမိတာမဟုတ်ဘူး ဒါပေမယ့်ကျနော်တို့ ဒေသကို စုံစမ်းစစ်ဆေးဖို့ရောက်လာတဲ့ချိန်မှာ ဖမ်းခံရတာဖြစ်တယ် ဆိုတော့ စစ်သုံ့ပန်းဥပဒေနဲ့မသွားဘူး ကျနော်တို့ညီကိုယ်ချင်းချင်းကြားထဲမှာ ညီညွှတ်မှုကို ပိုရှိစေချင်တယ် ဒါကြောင့်သူ့ကို ချွမ်းချက်မရှိပြန်လွှတ်ပေးလိုက်တာဖြစ်တယ်” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့တုန်းက အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ်၊ရိခေါဒါရ်မြို့မှာ CDF – Hualngoram တပ်ဖွဲ့နဲ့ CNO / CNDF အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ကြပြီး အဲဒီတိုက်ပွဲတုန်းမှာ CDF – Hualngoram တပ်ဖွဲ့က ရဲဘော် ၄ ဦးနဲ့ အရပ်သား ၁ ဦးကို CNO / CNDF ဘက်က ဖမ်းဆီးထားဆဲဖြစ်ပြီး ပြန်လွတ်လာအောင် ၂ ဘက်တပ်ဖွဲ့အကြား ညှိနှိုင်းဆွေးနွေးနေတယ်လို့ CDF – Hualngoram တာဝန်ရှိသူက ပြောပါတယ်။

“လက်ရှိကျနော်တို့ဆီမှာ CNO / CNDF နဲ့ပက်သက်တဲ့ တပ်သားတွေဖြစ်ဖြစ် အခုမရှိတော့ပါဘူး အရင်နှစ်ပတ်တုန်းကလည်း CNO ကိုပါဝင်ကူညီနေတဲ့သူတွေကိုလည်း ခေါ်ယူမေးမြန်းစစ်ဆေးပြီးတော့ အကုန်လုံးပြန်လွှတ်ပေးလိုက်ပြီ ဒါပေမယ့် တိုက်ပွဲအတွင်းမှာ ဖမ်းဆီးခံရတဲ့ ကျနော်တို့ရဲဘော် ၄ ယောက်နဲ့ အပြစ်မဲ့အရပ်သားပြည်သူ ဗန်လားလွန်အာကိုတော့ သူတို့ဖမ်းဆီးထားတာရှိသေးတယ် အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းဆွေးနွေးနေတာရှိတယ်” CDF – Hualngoram လို့ပြောပါတယ်။

ဖလမ်းမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ HPO / CDF – Hualngoram တပ်ဖွဲ့ဟာ Chinland CounciL အဖွဲ့ဝင်ဖြစ်ပြီး CNO / CNDF တပ်ဖွဲ့က ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *