Headlines

မတူပီမှာ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

ဩဂုတ်လ ၂၀ ရက်။

ချင်းပြည်နယ် ၊ မတူပီမြို့နယ်၊ ခြန်းပြန်းကျေးရွာမှာ သြဂုတ်လ ၁၈ ရက်နေ့က မပေါက်ကွဲရသေးတဲ့ လက်နက်ကြီးကျည် ကို ကောက်ပြီးဆော့ရာကနေ ပေါက်ကွဲလို့ ဒေသခံ ကလေးငယ် ၄ ဦး ဒဏ်ရာရှိပြီး ၂ ဦးဟာ ဒဏ်ရာအပြင်းထန်ရခဲ့တယ်လို့ မတူပီဒေသခံတွေဆီကနေ သိရပါတယ်။

လက်နက်ကြီးကျည်ပေါက်ကွဲလို့ ဒဏ်ရာရသွားတဲ့ ကလေးတွေဟာ အသက် ၅ နှစ်ကနေ ၁၂ ဝန်းကျင်အရွယ် ကလေးငယ်တွေဖြစ်ကြတယ်လို့လည်း ဒေသတွင်း သတင်းမှာဖော်ပြပါတယ်။

မတူပီဒေသခံတစ်ဦးက “ကလေးတွေက ကောက်ပြီး ဆော့ကြရာကနေ ပေါက်သွားတယ်လို့ပဲ ကြားတယ် သေချာတော့ မသိရသေးဘူးလို့” လို့ပြောပါတယ်။

ခြန်းပြန်းကျေးရွာအစွန်ဘက်ရှိ နေအိမ်တလုံးအနီးမှာ မပေါက်ကွဲပဲရှိနေတဲ့ (၆၀ – မမ) လက်နက်ကြီးကျည်ကြောင့် အခုလို ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့လည်း သိရပါတယ်။

လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ၄ ဦးထဲကနေ ဒဏ်ရာအပြင်းအထန်ရတဲ့ ကလေးငယ် ၂ ဦးကိုတော့ မီဇိုရမ်ဘက်ကို ဆေးကုသဖို့ ပို့ဆောင်ခဲ့ရကြောင်းကိုလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *