Headlines

Myanmar Idol မှာ Vote ပေးသကဲ့သို့ ရွေးကောက်ပွဲမှာ ချင်းပြည်သူများ ရောက်ရာအရပ်ကနေ လွယ်ကူစွာမဲပေးနိုင်ကြောင်းဆို

Members of Myanmar’s Union Election Commission (UEC) speak during a demonstration of voting machines to be used in future elections in Yangon on September 5, 2023. Myanmar’s junta will likely hold elections in 2025, party officials told AFP on September 5, even as the military struggles to crush resistance to its rule. (Photo by AFP)

သြဂုတ်လ ၁၇ ရက်။

၂၀၂၅ ဒီဇင်ဘာလ မှာ စစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲမှာ နည်းပညာမြင့် အီလက်ထရောနစ်မဲပေးစက်ကိုအသုံးပြုမှာဖြစ်တဲ့အတွက် မဲပေးရလွယ်ကူမြန်ဆန်တာကြောင့် နေရပ်စွန့်ခွာရ သော စစ် ရှောင် ချင်းပြည်သူများအ နေဖြင့် Myanmar Idol မှာ Vote ပေးသကဲ့သို့ ရောက်ရာအရပ်ကနေ လွယ်ကူစွာမဲပေးနိုင်ကြောင်း ချင်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ၁ခုရဲ့ဦးဆောင်သူ ၁ ဦးက ပြောပါတယ်။

” အခု ရွေးကောက်ပွဲက အီလက်ထရောနစ်မဲ ပေးစက်ကိုအသုံးပြုမှာဖြစ်တဲ့အတွက် အရင်လိုမဲစာရွက်တွေနဲ့ မှားလုပ်မိမှာ တွေ စိုးရိမ်စရာမလိုဘူး ၊ ကျ နော်နားလည်သလောက်က ကိုယ်ပေးချင်တဲ့ပါတီကို ခလုတ် လေးနှိပ်ရုံပဲ ၊ နိုင်ငံရေးပါတီ တွေလည်း ရွာတိုင်းမြို့တိုင်းမဲလိုက်ဆွယ်ဖို့အခက်အခဲရှိတဲ့ ဒီလိုအချိန်အခါမှာ အီလက်ထရောနစ်မဲပေးစက်နဲ့မဲပေးတာ အတော်အဆင်ပြေတယ် မဲ ပေးတာလွယ်လွယ် လေးပါ Myanmar Idol မှာ Vote ပေးသလို လွယ်လွယ်လေး မဲပေးရုံပဲ ကိုယ်က ရန်ကုန်မှာ နေတယ်/နိုင်ငံခြားမှာ နေတယ်ဆိုရင် လည်း ချင်းပြည်နယ်က ချင်းပါတီကိုမဲပေးချင်တယ်ဆိုလည်း မဲပေးလို့ရ အောင်စီစဉ်ထားမယ်လို့သိရတယ်၊ခလုတ်လေးနှိပ်မဲပေးရုံဲပဲ “လို့ ချင်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်နိုင်ငံရေးပါတီ၁ခုရဲ့ ဦးဆောင်သူ ၁ ဦးက ပြောပါတယ်။

၂၀၂၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်မှ မြေပြန့်သို့ စစ်ဘေးရှောင်နေတဲ့ မဲပေးခွင့်ရှိသူ ချင်းတိုင်းရင်းသားပြည်သူများအ နေဖြင့် သက်ဆိုင်မဲဆန္ဒနယ် စာရင်းမှာ မဲ ပေးခွင့်ရှိသူဖြစ်ရန်လိုအပ်ပြီး လက်ရှိ ရောက်တဲ့ နေရာ ကနေ မဲပေးခွင့် လျှောက်ထားကာ မဲပေးနိုင်ကြောင်း ချင်းပြည်နယ်မှာ ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့ကဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲမှာ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်အများစုပါဝင်တဲ့ ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ မြို့နယ်စလုံးကိုပြည်သူ့၊အမျိုးသား၊ပြည်နယ်လွှတ်တော်လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်များအဖြစ် သတ်မှတ်တဲ့အကြောင်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်မှာ ပြည်သူ့လွှတ်တော် ၉ နေရာ ကို FPTP (မဲအများဆုံးသူအနိုင်ရ)စနစ်ဖြင့်၊အမျိုးသားလွှတ်တော် ၁၂ နေရာကို PR(အချိုးကျကိုယ်စားပြု) စနစ်ဖြင့် ၆ နေရာ/ FPTP စနစ်ဖြင့် ၆ နေရာ။ ပြည်နယ်လွှတ်တော် ၁၈ နေရာ ကို PR စနစ်ဖြင့် ၉ နေရာ၊FPTP စနစ်ဖြင့် ၉ နေရာကျင်းပမှာဖြစ်ပါတယ်။

၂၀၂၅ ရွေး ကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးအသုံးပြုသွားမည်ဖြစ်ကြောင်း၊ ရွေး ကောက်ပွဲမှာ မဲလက်မှတ်စာရွက်ဖြင့်မဲပေးခြင်းအစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရန် ပထမဆုံးပြောင်းလဲဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ် ကောင်စီက ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲမှာ ပြည်သူများမဲ ပေးနိုင်ဖို့ စစ် ကောင်စီထုတ်လုပ်နေတဲ့ မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) မှာ အစိတ် အပိုင်း သုံးခုဖြင့် ဖွဲ့ စည်းတည် ဆောက်ထားပြီး ဆန္ဒပြုစက် (Ballot Unit-BU)၊ ထိန်းချုပ်စက် (Control Unit -CU) နှင့် မဲပေးချက်ဖော်ပြသည့်စက် (Verification Unit -VU) တို့ဖြစ်ပြီး မဲပေးရာတွင် မဲဆန္ဒ ရှင်က မဲလက်မှတ်အသုံးပြုရန်မလိုဘဲ ဆန္ဒပြုစက်မှာ မိမိနှစ်သက်ရာ လွှတ်တော်ကိုယ်စား လှယ်ကို ခလုတ်ကိုနှိပ်ကာ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ မဲပေးထားချက် မှန်/မမှန်ကို မဲပေးချက်ဖော်ပြသည့် စက်မှထွက်ပေါ်လာသည့် မဲစက္ကူဖြတ်ပိုင်းတွင် ချက်ချင်းကြည့်ရှုနိုင်မယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

၂၀၂၅ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့အတွက် ပါတီတည်ထောင်ကာ ပါတီမှတ်ပုံတင်ရရှိပြီး ဖြစ်တဲ့ ခူမီးအမျိုးသားပါတီ(KNP)နှင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)၊ ဇိုမီးအမျိုးသားပါတီ(ZNP) တို့က တနိုင်ငံလုံးအတိုင်းအတာနဲ့ အင်အားကြီးပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုး ရေးပါတီနဲ့အတူ ချင်းပြည်နယ်မှာဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့သိရပါတယ်။

NLD ပါတီ အပြတ်အသတ်အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို မဲသမာမှုရှိတယ်လို့စွတ်စွဲကာ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ ၁ ရက်မှာ စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီး ရွေးကောက်ပွဲအသစ်ကို ယခုနှစ် ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ကျင်းပပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *