Headlines

တချိန်က နာမည်ကျော် မြန်မာ့လက်ရွေးစင် လက်ဝှေ့ချန်ပီယံ ချင်းအမျိုးသား Pu Hrang Kham ကွယ်လွန်

တချိန်က “ကျွဲကြီး “လို့ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့‌သောမြန်မာ့လက်ဝှေ့ချန်ပီယံနှင့်အရှေ့တောင်အာရှလက်ဝှေ့ချန်ပီယံဖြစ်ခဲ့သော ချင်းအမျိုးသား ဦးဟရန်ခမ်း(Pu Hrang Kham) အသက် ၇၇ နှစ်ဟာ ၂၀၂၅ ခုနှစ်၊ဧပြီလ၂၅ ရက်နေ့မှာ ရန်ကုန်မြို့မှာ ဘုရားသခင်၏ခေါ်တော်မူခြင်းခံရသည့်အတွက် Chin World Media မှ မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်းဖော်ပြလိုပါတယ်။

တချိန်က နာမည်ကျော် မြန်မာ့လက်ရွေးစင် လက်ဝှေ့သမား Pu Hrang Kham ရဲ့အတ္ထုပတ္တိကို ဖော်ပြလိုပါတယ်။

ဦးဟရန်ခမ်း (Pu Hrang Kham )အတ္ထုပတ္တိ ဦးဟရန်ခမ်းသည် အဖ U Khua Hung နှင့် အမိ Daw Hmet Tial တို့မှ ၁၉၄၈ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်တွင် မွေးဖွားခဲ့ပါသည်။

မွေးချင်းညီကိုမောင်နှမ ၅ ယောက်အနက် အငယ်ဆုံးဖြစ်ပါသည်။ မွေးချင်ညီကိုမောင်နှမများမှာ ( Pu Chum Kung ) , ( Pi Ngun Pen + Pu Hrang Tin Nawn ) , Pi Pam Cia ( Lian Thio nu) + ( Pu Lul Kung) , ( Pu Hram Cung + Pi Ngun Par ) တို့ဖြစ်ကြပါသည်။

၁၉၈၀ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ဦးချစ်စိန်နှင့် ဒေါ်သိန်းလှိုင်တို့၏ သမီးဒေါ်မွှေးမွှေးနှင့် ထိမ်းမြားမင်္ဂလာဆောင်နှင်းခဲ့ပြီး သားသမီး (၄) ဦး ထွန်းကားခဲ့ပါသည်။

သားသမီးများမှာ ဦးလှိုင်ဝင်းထွန်း + ဒေါ်ဇင်မာသန်း၊ ဦးဇော်မျိုးအောင် + ဒေါ်သက်မာလှိုင် ၊ U Soe Thu Aung + Daw Khine Shwe Oo , Ma Wint Sandar (japan) တို့ဖြစ်ပြီး၊ သားများထံမှ မြေး (၇) ယောက်ရရှိခဲ့ပါသည်။

ဦးဟရန်ခမ်းသည် ငယ်ရွယ်စဉ်မှ အားကစားဝါသနာပါပြီး ပြည်နယ်နှင့် တိုင်းလက်ဝှေ့ပြိုင်ပွဲများတွင် ချင်းပြည်နယ်ကိုယ်စား ရွှေတံဆိပ်ဆုများကို ရရှိခဲ့ပါသည်။

သူသည် မြန်မာ့လက်ဝှေ့ လောကတွင်ဆုတံဆိပ်များစွာရရှိခဲ့သည့်အပြင်

၁၉၇၅ ခုနှစ်တွင် Singapore နိုင်ငံ၌ ကျင်းပသော ၈ ကြိမ်မြောက် Sea games 60 Kg တွင် ရွှေတံဆိပ်ဆု၊

၁၉၇၇ ၉ကြိမ်မြောက် Sea game မလေးရှား တွင်ငွေတံဆိပ်ဆုနှင့်

၁၉၇၉ ခုနှစ် Indonesia နိုင်ငံ၌ကျင်းပပြုလုပ်သော Sea games 60 Kg တွင် ငွေတံဆိပ်ဆုများ အသီးသီး ရယူနိုင်ခဲ့ပြီးမြန်မာ့ဂုဏ်ရောင်ကိုထွန်းပြောင်စေခဲ့သူလည်းဖြစ်ပါသည်။

ဦးဟရန်ခမ်းသည် ပြည်ထဲရေးဝန်ကြီးဌာန၊ CID မှုခင်းရဲတပ်ဖွဲ့တွင် ဒုရဲအုပ်ရာထူးဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အငြိမ်းစားပင်စင်ယူခဲ့ပါသည်။

ပင်စင်ယူပြီးနောက် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တွင် ကြိုးဝိုင်းဒိုင်၊ အမှတ်ပေးဒိုင်လူကြီး တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့ရပါသည်။

၁၉၉၈ ခုနှစ်၊ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကျင်းပပြုလုပ်သော ၈ ကြိမ်မြောက် ပြည်နယ်၊ တိုင်း ကျောင်းသားအားကစားပွဲတော်တွင် နိုင်ငံဂုဏ်ဆောင် အားကစား (၁၀) မျိုး အလံသယ်ယူရေးတွင် ပါဝင်ခဲ့ပါသည်။

အားကစားဝန်ကြီးဌာန၏ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ထောက်ပံ့ကြေးကိုလည်း ခံစားရရှိပါသည်။

သူသည် နာမကျန်းဖြစ်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူရင်း ၂၅၊ ၄၊ ၂၀၂၅ ခုနှစ် နံနက် ၁၁ နာရီအချိန်တွင် အဘဘုရားသခင်၏ ရင်ခွင်တော်သို့ အနားယူခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *