Headlines

ကလေးမြို့မှာ ချင်းအမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်မှ ပစ်သတ်ကာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို မိသားစုထံ အပ်နှံ

ဧပြီလ ၂၆ ရက်။

ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ ကလေးမြို့၊စံပြရပ်ကွက်က နေအိမ်ကိုပြန်လာတဲ့ အသက် ၂၉ နှစ်အရွယ် ချင်း အမျိုးသား ၁ ဦး ဖြစ်သူ Nangtawng (ခေါ်) Tg Dominic Dal Khen Nang ကို လမ်းမှာ စစ်ကောင်စီတပ်ကပစ်သတ်ကာ မီးသဂြိုလ်ခဲ့ကာ အရိုးပြာအိုးကိုမိသားစုထံလာအပ်နှံ့ခဲ့တယ်လို့ သေဆုံးသူရဲ့ ဆွေမျိုးအသိုင်းအဝိုင်းပြောပြချက်အရ သိရှိရ ပါတယ်။

“Nangtawng က ဧပြီလ ၂၄ ရက်နေ့ မှာ သဇင်ရပ်ကွက်မှာ ရှိတဲ့ သူ့အမ ဆီသွားလည် ခဲ့ရာ ကနေ စံပြ (Khuamawi) ရှိ နေအိမ်ကို ပြန် ဖို့ ထွက်သွားတာ။ နေအိမ် ပြန်မရောက်တော့ အားလုံး ဝိုင်းရှာကြတယ်။ ဒီနေ့ ဧပြီ ၂၆ ရက်နေ့ ရောက်မှ သူသေဆုံး ခဲ့ရတဲ့ အကြောင်းရင်းတွေ သိခဲ့ ရတယ်။ အရိုးပြာ နဲ့ အရိုးစ တွေကို စစ်သားတွေ က မိသားစု ဆီ ပြန်အပ်ခဲ့တယ်” လို့ သေဆုံးသူရဲ့ သူငယ်ချင်း တစ်ဦး က ပြောပြပါတယ်။

Tg Dominic Dal Khen Nang ဟာ မိဘ နှစ်ပါး နဲ့အတူ ကလေးမြို့ စံပြရပ်ကွက် (Khuamawi) ကနေအိမ်မှာ နေထိုင်ကာ လူပျိုလူလွတ် ၁ ဦး ဖြစ်တယ် လို့ သိခဲ့ရ ပါတယ်။

သေဆုံးသူရဲ့ အရိုးစ များ နှင့် အရိုးပြာ များကို ဧပြီလ ၂၇ ရက်နေ့ ညနေ ၂ နာရီ မှာ ခရစ်ယာန် ထုံးတမ်း နဲ့ အညီ ဈာပန အခမ်းအနား ပြုလုပ် သဂြိုလ် သွားမယ် လို့လည်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *