အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် တောင်ပိုင်းပလက်ဝမြို့နယ်အတွင်း ရခိုင်ပြည်နယ်ဘက်က ဒေသခံ အများအပြား ဝင်ရောက်အခြေချ နေထိုင်မှုများလာတယ်လို့ ပလက်ဝဒေသခံတွေဆီကသိရပါတယ်။
ပလက်ဝခရိုင် ဆမီးမြို့ဒေသခံ တစ်ဦးပြောတာက “ ကျနော်တို့က တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးတိမ်းရှောင်လာတာ ဆိုတော့ အဲဒီဘက်က အခြေအနေတော့ အတိအကျမပြောနိုင်ဘူး။ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး ဒီလောက် ရှားပါးတာ စတာတွေကြောင့် ဒေသခံတော်တော်များများက ထွက်ပြေးတိမ်းရှောင်ကြတယ် အခုထိလည်း ထွက်လာကြတုန်းပါဘဲ”လို့ Chin World Media ကိုပြောပါတယ်။
ပလက်ဝနယ်မှာ ဆန်ကလွဲရင် တခြားစားကုန်နဲ့ ဆေးဝါး ၊လူသုံးကုန်တော်တော်များများကို မကွေးတိုင်းဘက်ကနေ ဆိုင်ကယ်တွေနဲ့ သယ်ယူနေရတာဖြစ်ပြီး သယ်ယူစရိတ်ကလည်း လေမြို့မြစ်ကမ်းနားနဲ့ မကွေးတိုင်း ဆောမြို့အကြားကို ဆိုင်ကယ်တစ်စီး ကယ်ရီခက ၁၄ သိန်း ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ဘက် ကုန်စီးဆင်းမှုတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာဖြစ်သလို စားဝတ်ရေးအခြေအနေ နဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသခံတွေ ပလက်ဝကို ပြောင်းရွှေ့လာတာဖြစ်တယ်လို့ လည်းသိရပါတယ်။ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်