မြန်မာနိုင်ငံမှာ နေ့စဉ် လူ ၅ ဦးခန့်ဟာ မြေမြှုပ်မိုင်းကြောင့် သေဆုံး ၊ဒဏ်ရာရနေ
ဧပြီလ ၄ ရက်။ မြန်မာနိုင်ငံမှာ ပျမ်းမျှအားဖြင့် နေ့စဉ် လူ ၅ ဦးခန့်ဟာ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရ ( သို့မဟုတ် ) အသက်ဆုံးရှုံးနေရပြီး ကမ္ဘာမှာ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှု အမြင့်ဆုံး နိုင်ငံဖြစ်လာတယ်လို့လည်း Landmine Monitor 2025 အစီရင်ခံစာအရ သိရပါတယ်။ ဒီကနေ့ ဧပြီလ ၄ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း အသိပညာပေးရေးနှင့် မိုင်းရှင်းလင်းရေး အကူအညီပေးတဲ့နေ့ဖြစ်ပြီး မြေမြှုပ်မိုင်းတွေ နှင့် တခြားပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန် ပစ္စည်းတွေဟာ ပြည်သူလူထုတွေရဲ့ လုံခြုံရေးနှင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုဖြစ်စေပြီး လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွေကိုလည်း အတားအဆီးဖြစ်စေတယ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆိုပါတယ်။ Landmine Monitor 2025 အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ…

