Headlines

စစ်ကော်မရှင်တပ်အင်အားအမြောက်အများ ကလေး-ဂန့်ဂေါလမ်းမှာစစ်ကြောင်းထိုးလာလို့ ပြည်သူထောင်ချီထွက်ပြေးနေ

created by Polish
created by Polish

အောက်တိုဘာလ ၂၇ ရက်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် တောင်ပိုင်း ကလေး – ဂန့်ဂေါ ကားလမ်းတလျောက်ကို စစ်ကော်မရှင်တပ်က အင်အားအမြောက်အများနဲ့ ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်လာနေလို့အရပ်သားပြည်သူလူထောင်ချီထွက်ပြေးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

“ဒီကနေ့ မနက်ကစပြီး ကလေးမြောက်ပိုင်းက အင်အားအများကြီးကို ကားအစီး ၁၅ စီးကနေ အစီး ၂၀ လောက်ရှိတယ် အဲမှာ လက်နက်ခဲယမ်းတွေပါတယ် အမြောက်ကြီး ကိုလည်း ဆွဲသွားတယ် အင်အားလည်းအများကြီးဘဲ တချို့က ဒကစဝင်တယ် တချို့က ကလေး နည်းပညာတက္ကသိုလ်ကို သွားတယ် အခုတော့ သာယာကုန်းရွာရောက်ပြီလို့ ပြောကြတယ် မြောက်ပိုင်းလိုဘဲ တလျောက်ထိုးနေကြတယ် ကလေးကနေ ဂန့်ဂေါလမ်းပေါက်အောင် ထိုးမယ့်ပုံစံပေါက်တယ်” လို့ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ကလေးနည်းပညာတက္ကသိုလ် GTC က ထွက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်း (၃) ကြာင်းအနက် စစ်ကြောင်း ၁ ကြောင်းဟာ ကျွန်းချောင်းရွာကို ဝင်ရောက်ပြီး ဒီကနေ့ နေ့လည် ၁ နာရီဝန်းကျင်လောက်ကစလို့ ကျေးရွာတွင်း အရပ်သားပြည်သူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။

အင်အားအမြောက်အများနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်ကြောင့် အရပ်သားပြည်သူ အမြောက်အများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့က ကလေးမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ကစလို့ စစ်ထောက်ပို့လေယာဉ်တွေနဲ့ စစ်အင်အားအများအပြားကို ပို့ဆောင်ထားပြီး ကလေးမြို့နယ်မြောက်ပိုင်းက ကလေး – တမူးလမ်းနဲ့ ကလေးတောင်ပိုင်းက ကလေး – ဂန့်ဂေါလမ်းတလျှောက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နေရာတွေကို ပြန်လည်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *