
မတ်လ ၂၄ ရက်။
စစ်ကိုင်းဖိုရမ်(စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း)အတွင်း နိုင်ငံရေးကဏ္ဍအရ ပူးပေါင်းပါဝင်မှုကို လက်ရှိကာလတွင် ရပ်နားထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတိုးတက်ဖြစ်ထွန်းနေသော ကြားကာလဆိုင်ရာ ပြင်ဆင်မှုများအပေါ် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ သဘောထား ထုတ်ပြန်ချက်ကို မတ်လ ၂၄ ရက်မှာထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတိုးတက်ဖြစ်ထွန်းနေသော ကြားကာလဆိုင်ရာ ပြင်ဆင်မှုများအပေါ်ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ သဘောထား ထုတ်ပြန်ချက်မှာ
၁။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့်၊ယခင် ကလေးမြို့ပြည်သူလူထုသပိတ်ကော်မတီ စတင်ဖွဲ့စည်းခဲ့စဉ်က အတည်ပြုခဲ့သော ၊ ပင်မကြွေးကြော်သံ ဖြစ်သည့်
(၁) စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ပပျောက်ရေး၊
(၂) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြီးတိုင် ဖျက်သိမ်းရေး၊
(၃)ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ် ပေါက်ရေး ၊
(၄)အရပ်သား အစိုးရ ပေါ် ထွန်းရေး တို့ကို ကလေးဒေသခံမိဘပြည်သူတရပ်လုံးနှင့်အတူ ယနေ့အထိ စွဲကိုင်ချီတက်လျက်ရှိ ကြောင်း၊
၂။ ကျွန်ုပ်တို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီသည်
အရပ်သားပြည်သူပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံကာလ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုးတက်ဖြစ်ထွန်းနေသော ကြားကာလဆိုင်ရာ ပြင်ဆင်မှုများဖြစ်သည့်
(က) စစ်ကိုင်းဖက်ဒရယ်ယူနစ်လွတ်တော်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းပြင်ဆင်မှု
(ခ) စစ်ကိုင်းဖိုရမ်၏ တတိယအကြိမ်ဖိုရမ်ပြုလုပ်ရန်ပြင်ဆင်မှု
(ဂ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သပိတ်အင်အားစုများ၏ “တိုင်းအဆင့် သပိတ်အင်အားစု” အဖြစ်ဖွဲ့စည်းရန် ပြင်ဆင်မှုတို့အပေါ်”မူ” အားဖြင့် ကြိုဆို ကြောင်း ဖော်ပြထားပါတယ်။
၃။ စစ်ကိုင်းဖိုရမ်(စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း)အတွင်း နိုင်ငံရေးကဏ္ဍအရ ပူးပေါင်းပါဝင်မှုကို လက်ရှိကာလတွင် ရပ်နားထားကြောင်း၊၄။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီသည်အရပ်သားပြည်သူပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံ၏ ကာလကြီး(၃)ရပ် အတွင်း၊ ဒေသခံပြည်သူလူထု၏ “အသံ၊အမြင်သဘောထား၊ပြုပြင်ပြောင်းလဲတိုးတက်လိုသောဆန္ဒ”တို့ကို ရှေးရှုကာ ၊ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ “ညီနောင်”အဖြစ် လက်တွဲလျက် ဆက်လက်ချီတက်သွားမည်ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတိုးတက်ဖြစ်ထွန်းနေသော ကြားကာလဆိုင်ရာ ပြင်ဆင်မှုများအပေါ် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
