Headlines

၂၀၂၅ မှာမြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာကူညီဖို့ ရံပုံငွေ ဒေါ်လာ ၁ ဘီလျံ ကျော်လိုအပ်ကြောင်း ကုလထုတ်ပြန်

ဒီဇင်ဘာလ ၁၇ ရက်။

မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်သူ သန်း ၂၀ နီးပါးရှိနေပြီး အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် လိုအပ်မှာဖြစ်ကြောင်း၊အရေးပေါ် အကူအညီလိုနေသူ ၅ ဒသမ ၅ သန်းအတွက် ဒေါ်လာ ၁ ဘီလျံသုံးစွဲဖို့မျှော်မှန်းထားကြောင်း၊ကုလသမဂ္ဂဆိုင်ရာ လူသားချင်းကူညီစောင့်ရှောက်မှုရေးရာညှိနှိုင်းဆောင်ရွက်ရေးရုံး(UNOCHA) ကဒီဇင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

“၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေရရှိခဲ့မှု အလွန် နည်းပါးခဲ့တာကြောင့် အကူအညီပေးဖို့ လျာထားခဲ့တဲ့ လူဦးရေ ၅ ဒသမ ၃ သန်းထဲကလူဦးရေ ၁ ဒသမ ၄ သန်းဟာ ဘာအကူအညီမှ မရရှိခဲ့ပါဘူး။ ရရှိခဲ့တဲ့သူတွေဟာလည်းအပြည့်အစုံရရှိခဲ့ခြင်းမရှိပါဘူး။၂၀၂၅ ခုနှစ်မှာ ရန်ပုံငွေလောက်လုံစွာ မရှိခဲ့ပြန်ဘူးဆိုရင် ဘ၀ပေါင်းများစွာ အကူအညီမဲ့ကြရပါလိမ့်မယ်။ “လို့ ကုလသမဂ္ဂဆိုင်ရာ လူသားချင်းကူညီစောင့်ရှောက်မှုရေးရာညှိနှိုင်းဆောင်ရွက်ရေးရုံး(UNOCHA) က ဒီဇင်ဘာလ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာ ဒေါ်လာ သန်း ၃၀၀ ကျော်ပဲရထား‌သေးတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူသားချင်းကူညီစောင့်ရှောက်မှုရေးရာညှိနှိုင်းဆောင်ရွက်ရေးရုံး(UNOCHA) ကဒီဇင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာ့ပဋိပက္ခအတွင်း နေရပ်စွန့်ခွာရသူ စစ်ဘေးရှောင် ၃ ဒသမ ၅ သန်း ရှိပြီး စားနပ်ရိက္ခာလိုအပ်နေသူ ၁၅ သန်းကျော်ရှိတယ်လို့လည်း UNOCHA က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *