Headlines

စစ်ကောင်စီက ချင်းပြည်နယ်ကမြို့အားလုံးကို စက်သုံးဆီခွဲတမ်းလုံးဝချမပေးတော့ဘူးလို့ သိရ

နိုဝင်ဘာလ ၁၈ ရက်။

စစ်ကောင်စီက သတ်မှတ်လိုက်တဲ့ စက်သုံးဆီခွဲတမ်း လုံးဝ ချမပေးတော့မယ့်ပြည်နယ်နှင့် မြို့နယ်တွေထဲမှာချင်းပြည်နယ်ကမြို့နယ်အားလုံးပါဝင်ပြီး စက်သုံးဆီခွဲတမ်းချမပေးတော့ဘူးလို့ စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက မြန်မာနိုင်ငံစက်သုံးဆီ လုပ်ငန်းရှင်များအသင်းထံကို နိုဝင်ဘာလ ၁၇ ရက်နေ့က အသိပေးလာတယ်လို့ သိရပါတယ်။

ပိတ်ပင်ထားတဲ့ နယ်မြေတွေမှာသက်ဆိုင်ရာ စစ်တပ်နဲ့ရုံးဌာနတွေအတွက် စက်သုံးဆီကို အထူးကိစ္စရပ်အဖြစ် ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဟားခါးမြို့ခံတစ်ဦးကလက်ရှိအခြေအနေနဲ့ပတ်သက်ပြီး “ စက်သုံးဆီက ရတယ် ဈေးကြီးတာဘဲ ရှိတယ် ပိတ်ခဲ့ရင်လည်း ချက်ခြင်းတော့ မဖြစ်လောက်သေးပါဘူး” လို့ပြောပြပါတယ်။

စက်သုံးဆီခွဲတမ်းလုံးဝ မချပေးတဲ့ နေရာတွေမှာ ကချင်ပြည်နယ်မှာဆိုရင် မြစ်ကြီးနားမြို့ကလွဲရင် မြို့နယ်အားလုံးပါဝင်တယ်လို့ သိရပြီး၊ လားရှိုး၊ နောင်ချို အပါအဝင် ရှမ်းမြောက်ဒေသတစ်ခုလုံးနဲ့ ချင်းပြည်နယ်က မြို့နယ်အားလုံး စက်သုံးဆီ(PO) လုံးဝမချပေးတော့ဘူးလို့သိရပါတယ်။

စက်သုံးဆီမချပေးတော့မယ့် မြို့နယ်တွေကတော့ ထိးချိုင့်၊ ပုလဲ၊ ဝက်လက်၊ဗန်းမောက်၊မင်းလှ၊ မော်လိုက်၊ ကသာ၊ မိုးမိတ်၊ ချောင်းဦး၊ နောင်ချို၊ လားရှိုး၊ ခမ်းပက်၊ မိုင်းရယ်၊ ကလေး၊ ဆားလင်းကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်း၊ ပေါက်(မကွေး) မိုးကုတ်၊ မြင်းခြံ တို့လို့ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှု အားကောင်းတဲ့ ဒေသအများစုကို စစ် ကောင်စီကအခုလို စက်သုံးဆီကန့်သတ်တာတွေ လုပ်လာတာတွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *