ချင်းပြည်နယ်၊မင်းတပ်မြို့နယ်တစ်ခုတည်းမှာ ၂ နှစ် ကာလအတွင်း(၂၀၂၂၊ဇူလိုင်လမှ ၂၀၂၄ ၊ဇူလိုင်လ)စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၂ ဦး သေဆုံးပြီး ၊၇၄ ဦး ဒဏ်ရာရရှိခဲ့ကာ၊စာသင်ကျောင်း၊ ဆေးရုံနှင့် ဝတ်ပြုရာနေရာများအပါအဝင် အဆောက်အဦ ၁၃၇ လုံး ပျက်စီးခဲ့ ေကြာင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ရဲ့ ဩဂုတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဇူလိုင် ၃၁ ရက် ညနေ ၆ နာရီဝန်းကျင်က မင်းတပ် – မတူပီလမ်းမကြီး မိုင်တိုင်အမှတ် ၂၀ ဝန်းကျင်ကို စစ်ကောင်စီ လေတပ်က အသွားအပြန်နှစ်ကြိမ်ထက်မနည်း ဗုံးကျဲ တို၊က်ခိုက်ခဲ့လို့ လူ၁ ေယာက် မစိုးရိမ်ရ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ ေန အိမ် ၂ လုံးထိခိုက်ခဲ့ ေကြာင်းသိရပါတယ်။ဇူလိုင် ၃၀ ရက်နေ့ကလည်း မင်းတပ်မြို့နဲ့ ၅ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ တိုက်နယ်အမှတ် ၃ ကျေးရွာအပြင်ခြမ်းမှာ ခလရ ၂၇၄ တပ်ရင်းကနေ ဒရုန်းနဲ့ တို၊က်ခိုက်မှုပြုလုပ်လို့ နေအိမ် ၁ လုံး ပျက်စီးခဲ့ရပါတယ်။
မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်ကဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မူ အကြိမ်ကြိမ်ပြုလုပ်ခဲ့လို့ ဘောင်ကျေးရွာမှ အရပ်သား ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း ၁ ေကျာင်းပျက်စီးခဲ့တယ်လို့သိရပါတယ်။၂၀၂၄၊ဧပြီလအတွင်းမှာလည်း မင်းတပ်မြို့နယ်မှာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မူကြောင့် CDF-မင်းတပ် ရဲဘော် (၂) ဦး အရပ်သား (၃) ဦးသေဆုံးကာ ပြည်သူ (၃၁) ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်အပြင် ဝမ္မသူးတိုက်နယ်ဆေးရုံအပါအဝင် ခရစ်ယာန်ဘုရားကျောင်း (၂) လုံး၊ စာသင်ကျောင်း (၁) လုံးနှင့် လူနေအိမ် (၂၄) လုံး ပျက်စီးခဲ့ရပါတယ်။