မလေးရှားဒုက္ခသည်စခန်းမှသည် UFC ကမ္ဘာ့ချန်ပီယံဆီသို့
မေလ ၁၅ ရက် အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းတွေ ရှိစမြဲဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော UFC တိုက်ခိုက်ရေးသမား Joshua Van အတွက်တော့ အဲဒီခရီးလမ်းဟာ မလေးရှားနိုင်ငံက ဒုက္ခသည်စခန်းတစ်ခုကနေ စတင်ခဲ့တာဖြစ်ကြောင်း အမေရိကန်အခြေစိုက် နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ The Straits Times က ‘ဒုက္ခသည်စခန်းမှသည် ကမ္ဘာ့ချန်ပီယံဆီသို့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အထူးတလည် ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က New Jersey ပြည်နယ်၊ Newark မြို့မှာ ကျင်းပခဲ့တဲ့ UFC 328 ပြိုင်ပွဲမှာ Joshua Van ဟာ ဂျပန်နိုင်ငံသား Tatsuro Taira ကို အလဲထိုး (TKO) နဲ့ အနိုင်ယူပြီး သူရဲ့ UFC Flyweight ကမ္ဘာ့ချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အာရှမှာမွေးဖွားပြီး UFC ချန်ပီယံဆုကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ အမျိုးသား တိုက်ခိုက်ရေးသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မွေးဖွားခဲ့တဲ့ Joshua Van ဟာ အသက် ၁၀ နှစ်သားအရွယ်မှာ နိုင်ငံရေးနဲ့…

