Headlines

တိုက်ပွဲပြင်းထန်နေတဲ့မင်းတပ်မြို့မှာ စစ်ကောင်စီက အရပ်သားနေအိမ်တွေကို ဆက်တိုက်မီးရှို့ကာလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နေ

နိုဝင်ဘာလ ၁၁ ရက်။ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဒီနေ့ နိုဝင်ဘာလ ၁၁ ရက် ယခုအချိန်အထိမင်းတပ််မြို့မှာ ချင်းညီနောင်အဖွဲ့ဝင် CDF – Mindat တပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့လည်းလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နေကြောင်း၊လက်ရှိမင်းတပ်မြို့ပေါ်က အရပ်သားပြည်သူနေအိမ်တွေကို စစ်ကောင်စီတပ်က နေ့စဉ်မီးရှို့ခဲ့လို့ ဒီ ၃ ရက်အတောအတွင်း အိမ်ခြေစုစုပေါင်း ၁၅၀ ဝန်းကျင် မီးလောင်ပျက်စီးနိုင်တယ်လို့ မင်းတပ် ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်မြို့ဒေသခံတစ်ဦးက “အိမ်ခြေအတိအကျနဲ့ကတော့ မသိဘူး။ ဒီကနေ့မှာလည်း ထပ်ပြီးမီးရှို့ခံရတာမျိုးလည်းရှိတယ်လို့ သိရတော့ အတိအကျတော့ သိဖို့က မလွယ်လောက်ဘူး များတာတော့ အများကြီးလောင်သွားတယ်လို့ သိရတယ်။ တိုက်ပွဲလည်း ဟိုအရင်နေ့ကတွေကစလို့ နှစ်ဘက် တိုက်ပွဲပြင်းထန်နေတယ်လို့သိရတယ်” လို့ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်…

Read More

ဖလမ်းမြို့တွင်းမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ သိရ

နိုဝင်ဘာလ ၁၁ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့ကစလို့ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF )အကြားတိုက်ပွဲတွေ ဆက်လက်ပြီးပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ စစ်ရေးအခြေအနေ သိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ရေးအခြေအနေ သိရှိတဲ့ဒေသခံတစ်ဦးပြောတာက “ လက်ရှိမြို့တွင်း တိုက်ပွဲတွေပြင်းထန်နေတယ်။ ခလရ ၂၆၈ ကို မရသေးဘူး တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့ အခြေအနေမှာရှိတယ်။ နောက်ပြီး မြို့တွင်းမှာ ကျန်တဲ့ဟာတွေလည်း မရှိတော့ပါဘူး” လို့ပြောပါတယ်။ ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကစလို့ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့ကစလို့ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ရဲ့ ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)နဲ့ မဟာမိတ်တပ်ဖွဲ့တွေက…

Read More

မင်းတပ်မြို့ပေါ်က အရပ်သားပြည်သူနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေများစွာ မီးလောင်တယ်လို့ ဒေသခံတွေဆီကနေ သိရ

နိုဝင်ဘာလ ၉ ရက်။ ချင်းပြည်နယ် မင်းတပ်မြို့ရဲစခန်းရှေ့ ခေါနူးရိပ်သာ အနီးတစ်ဝိုက်က အရပ်သားပြည်သူနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေက ဒီကနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်ကစလို့ မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်များစွာမီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်ဒေသခံတစ်ဦးပြောတာက “အိမ်ခြေတော့ အများကြီးလောင်တယ်လို့ သိရတယ်။ အခုဖြစ်တဲ့နေရာက ခေါနူးရိပ်သာ အနီးတစ်ဝိုက်နဲ့ ဆောက်လုပ်ရေးနားလို့ သိရတယ်။ သပ်သပ်စီမီးရှို့ခံရတာဖြစ်မယ်”လို့ပြောပါတယ်။ ခေါနူးရိပ်သာ အနီးတစ်ဝိုက်ကို မနက်၉ နာရီလောက်ကစလို့ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေက မီးရှို့ခဲ့ပြီး နေ့လည်၁၂ နာရီအထိ မီးခိုးတွေတွေ့နေရဆဲလို့ သိရပြီးဆောက်လုပ်ရေးဝန်း အနောက်ဘက်ခြမ်းနားက အိမ်တွေလည်း မနက် ၁၁ နာရီ ၂၀ မိနစ်လောက်က မီးစလောင်ပြီး မီးခိုးတွေအူတက်နေတယ်လို့ သိရပြီး အိမ်ခြေဘယ်နှလုံးမီးလောင်ပျက်စီးတယ်ဆိုတာတော့ အတိကျမသိရသေးတဲ့အကြောင်း မင်းတပ်ဒေသခံတွေဆီကနေ…

Read More

အမ်းမြို့ ( နပခ ) တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ( ၄ ) ဦးအား CDF-Asho တပ်ဖွဲ့မှ ဖမ်းဆီးရမိ

နိုဝင်ဘာလ ၉ ရက်။ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ( နပခ )အား အာရက္ခတပ်တော် ( AA )မှ ထိုးစစ်ဆင် တိုက်ခိုက်မှု့ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၄ ဦးအား မကွေးတိုင်းနှင့်ရခိုင်ပြည်နယ်စပ်ရှိ CDF – Asho မှ ရှေ့တန်း စစ်ဆင်ရေးဒေသတစ်နေရာမှာ ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာလ ၈ ရက်မှာ ချင်းကာကွယ်ရေးတပ်_အရှို(CDF-Asho) တပ်ဖွဲ့မှသတင်းထုတ်ပြန်ပါတယ်။ ( ၃၁.၁၀.၂၀၂၄ ) မှာ အမ်းမြို့ ( နပခ )ရှိ ခမရ ( ၃၇၃ )မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ကိုယ်ပိုင်အမှတ် ( ပစ – ၁၀၄၆၀၁ ) ကိုသက်နိုင်နှင့်…

Read More

ဖလမ်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွါးကာ နေအိမ် ၂ လုံးမီးလောင်ပြာကျသွားကြောင်း သိရ

နိုဝင်ဘာလ ၈ ရက်။ ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ မနက် ၉ နာရီဝန်းကျင်ကစပြီး ချင်းပြည်နယ်၊ဖလမ်းမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)တို့အကြားတိုက်ပွဲဖြစ်ပွါးကာ ဖလမ်းမြို့Pa Thang Khan ရပ်ကွက်က အရပ်သားပြည်သူနေအိမ် (၂) လုံး မီးလောင်ပြာကျသွားတယ်လို့ ဖလမ်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဖလမ်းမြို့ဒေသခံတစ်ဦးက “ဒီကနေ့မနက်ပိုင်းလောက်မှာ နေအိမ် (၂)လုံးကတော့ မီးလောင်ပြာကျသွားပြီလို့ မြို့ပေါ်မှာကျန်ခဲ့တဲ့ အသိတစ်ယောက်ကပြောတယ်။ ကျနော်တို့လည်း ဖလမ်းမြို့နဲ့ အနီးနားမှာ ရှိပေမယ့် တိမ်အရမ်းထူထပ်နေတော့ မီးလောင်တာ မတွေ့ရဘူး လက်နက်ကြီးသံတွေတော့ ကြားနေရတယ်။ အခုလောင်သွားတဲ့အိမ်လည်း လက်နက်ကြီးထိလို့ လောင်တာဖြစ်နိုင်တယ်လို့ ပြောတယ် ဒါပေမယ့် အတိအကျတော့ မသိဘူးပေါ့နော် ရှို့ခံရတာလား လက်နက်ကြီးထိလို့လောင်တာလားဆိုတာ နောက်ပြီး ဘယ်နှစ်လုံးထပ်လောင်တယ်ဆိုတာတော့ မသိရသေးဘူး လောလာဆယ် ၂ လုံးတော့ ပြာကျသွားပြီလို့ပြောတယ်”…

Read More

ပြန်လာသူများလာတာနဲ့အမျှ တီးတိန်မြို့မှာ အိမ်ဖောက်ထွင်းခိုးယူမှု လျော့ကျလာ

တီးတိန်မြို့တွင်း တိုက်ပွဲကြောင့် တီးတိန်မြို့ခံပြည်သူများ မြို့ကို စွန့်ခွာစစ်ရှောင်ခဲ့ကြရာ လက်ရှိအချိန်မှာ မြို့ကိုပြန်လာသူများလာတာနဲ့အမျှ အိမ်ဖောက်ထွင်း ခိုးယူမှုများ လျော့ကျ လာတယ် လို့ တီးတိန်မြို့ရှိ လူမှုရေး ခေါင်းဆောင်တစ်ဦး က ပြောပါတယ်။   “နေအိမ် မီးလောင်ပြာကျတဲ့ မိသားစု တွေကလွဲရင် အိမ်စောင့်ဖို့ အနည်းဆုံး တစ်အိမ် တစ်ယောက် နီးပါး ပြန်လာ ကြတယ်။ နေအိမ်တွေမှာ လူရှိလာ လို့လည်း ဖြစ်မယ်။ ဖောက်ထွင်းတာ၊ ခိုးယူတာတွေ အရင်လို သိပ် မပြောကြတော့ဘူး။ အဖွဲ့အစည်းတွေဆီ လာတိုင်တာလည်း လျော့လာတယ်။ မရှိတာမျိုးတော့ မဟုတ်ဘူး” လို့ တီးတိန်မြို့ရှိ လူမှုရေး ခေါင်းဆောင်တစ်ဦး ကပြောပါတယ်။  တီးတိန်မြို့ခံ တစ်ဦး ကမူ လက်ရှိ အခြေအနေ နဲ့ပတ်သက်ပြီး သုံးသပ်ရာမှာ”လူတွေ များလာတာ…

Read More

ကလေးအကျဉ်းထောင်မှာ လွတ်ရက်စေ့လို့လွတ်လာသူနိုင်ငံရေးအကျဉ်းသားတွေကိုပြန်ဖမ်းဆီးကာ အမူထပ်တိုးပြီး ထောင်ပြန်ချနေတယ်လို့ သိရ

နိုဝင်ဘာလ ၆ ရက်။ ပြီးခဲ့တဲ့စက်တင်ဘာလနဲ့ အောက်တိုဘာလမှာ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်မှာလွတ်ရက်စေ့လို့ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား၂ ဦးကို ထောင်အပြင်ရောက်မှ စစ်ကောင်စီကပြန်ဖမ်းဆီးကာအမှုထပ်တိုးပြီး ထောင်ပြန်ချကြောင်း၊ ကလေးထောင်က နိုင်ငံရေးအကျဉ်းသား အများစုဟာ လွတ်ရက်စေ့လဲ မလွတ်ကြကာပြန်ဖမ်းဆီးခံနေရကြောင်းနိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်တဲ့ သူတွေဆီကနေ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူညီပေးနေသူတစ်ဦးက “ နိုင်ငံရေးအမှုနဲ့ ကွင်းလုံးကျွတ်လွတ်လာတာက အတော်ရှားပါတယ် အခုဆိုရင် ပြန်ဖမ်းခံရတာများနေပြီပေါ့ နိုင်ငံရေးမှုမှာ တော်တော်များများကို ၅၀၅ အရင်ကပ် ပြီးရင် ၅၀ (ည) မဟုတ်ရင် ၅၂ ကပ်ပြီး အနည်းဆုံး ၇ နှစ်၊ ၉ နှစ်ကျတယ်၊ ၁၂ နှစ်ကျတယ် အများကြီးပေါ့ ကလေးမြို့မှာ ၅၀၅ ကို ၂ နှစ်ဘဲချပေမယ့် ၅၀၅ သမားတွေကို နောက်မှုကပ်တာများတယ် ဒါပေမယ့်…

Read More

တွန်းဇံမြို့နယ်မှာ ZRA တပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပြီး ZRA ဘက်က ၁၀ ဦးခန့်ကျဆုံးကာ၊CDF-Tonzang ဘက်က ၁ ဦးကျဆုံးကြောင်းထုတ်ပြန်

နိုဝင်ဘာလ ၅ ရက်။ ချင်းပြည်နယ် တွန်းဇံမြို့နယ် မွာလ်ကွေးကျေးရွာမှာ နယ်မြေချဲ့လာပြီး တွန်းဇံမြို့သိမ်းရန်စစ်ရေးပြင်ဆင်နေတဲ့ ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA )တပ်ဖွဲ့ဝင်တွေကို အောက်တိုဘာလ ၂၁ ရက်ဝန်းကျင်မှာ ချင်းအမျိုးသားတပ်မတော်(CNA )နှင့် CDF – Tongzang ကပူးပေါင်းပြီး ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပြီး ZRA ဘက်က ၁၀ ဦးခန့်ကျဆုံးပြီး CDF – Tongzang ဘက်က တစ်ဦးကျဆုံးခဲ့တယ်လို့ CDF – Tongzang ကဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ZRA-EC ရဲ့ အောက်တိုဘာလ ၂၇ ရက်ထုတ်ပြန်ချက်မှာတော့ အောက်တိုဘာလ ၂၁ ရက်က တွန်းဇံမြို့နယ် မွာလ်ကွေးကျေးရွာမှာ CNA(CC)အဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့လို့ ZRA ဘက်က ၃ ယောက် ကျဆုံး၊၂ ဦး…

Read More

မင်းတပ်မြို့အနီးတစ်နေရာကို စစ်ကောင်စီက ဒီကနေ့မနက်အစောပိုင်းမှာ လေကြောင်းကနေတိုက်ခိုက်

နိုဝင်ဘာလ ၅ ရက်။ ချင်းပြည်နယ် မင်းတပ်မြို့အနီးတစ်နေရာကို ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့ မနက် တစ်နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာတွေလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတော့ မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်မြို့နေဒေသခံတစ်ဦးက “ ဒီနိုဝင်ဘာလမှာ ဒါပထမဆုံးကြိမ် လေကြောင်းကနေ တိုက်ခိုက်တာဖြစ်တယ်။ နေအိမ်ထိခိုက်ပျက်စီးတာမျိုးတော့မရှိဘူး။ မြို့ပြင် လူမရှိတဲ့နေရာကို ကြဲတာမျိုးဖြစ်တယ်” လို့ပြောပါတယ်။ ဒီနေ့မနက်ပိုင်းတစ်နာရီခွဲလောက်မှာ မြို့အနီးတစ်နေရာကို ဂျက်ဖိုက်တာကနေ ၂ ကြိမ် ဗုံး ၄ လုံးကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့သလို ပွိုင့်ဖိုက်စက်သေနတ်နဲ့လည်း ရမ်းသမ်းပစ်ခတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်းမှာကို စစ်ကောင်စီက မင်းတပ်မြို့ကို လေကြောင်းကနေတိုက်ခိုက်တာ (၇၇) ကြိမ်လုပ်ခဲ့တယ်လို့လည်း CDF – Mindat က…

Read More

ချင်းအမျိုးသားဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို PDFရဲဘော်တစ်ဦး Starlink ၆ လုံးဖြင့်ဂန့်ဂေါမြို့မှာ အလင်းဝင်လာဟုဆိုကာ စစ်ကောင်စီမှလုပ်ကြံဝါဒဖြန့်

နိုဝင်ဘာလ ၅ ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းမှစတင်ပြီး စစ် ကောင်စီဝါဒဖြန့် Telegram Channel တွေနဲ့Facebook page တချို့မှာ ချင်းအမျိုးသားဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့တစ်ခုမှ PDF ရဲဘော်တစ်ဦး Starlink (စတားလင့်) ၆လုံးဖြင့် ဂန့်ဂေါမြို့မှာ စစ်ကောင်စီဆီမှာ အလင်းဝင်ရောက်လာဟုဆိုကာ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေ ကြောင်း ဒေသတွင်းမီဒီယာဖြစ်တဲ့ ယောအလင်းတန်း သတင်းဌာနက ဖော်ပြထားပါတယ်။ ဖြစ်စဉ်အမှန်မှာ ပြီးခဲ့သည့် တစ်လခန့်က ချင်းအမျိုးသား ကယ်ရီသမားတစ်ဦးသည် စတားလင့် ၆လုံးဖြင့် လမ်းမှားကာ ဂန့်ဂေါမြို့ပေါ်သို့ ဖြတ်သန်းမိခဲ့ကြောင်းသိရပါတယ်။ ဂန့်ဂေါမြို့တွင်းသို့ လမ်းမှားဝင်ရောက်မိသည်ကို သိသိချင်း နောက်ကြောင်းပြန်လှည့်ရန်ကြိုးစားစဉ် ဂန့်ဂေါမြို့မြောက်ဖက် စိုင်ဒူးကျေးရွာဖက်မှ ဝင်လာသော စကစဂိတ်တွင် စတားလင့် ၆လုံးနှင့်အတူ ဖမ်းဆီးခံခဲ့ရကာ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်အတွင်းသို့ခေါ်ဆောင်သွားခံခဲ့ရကာခလရ…

Read More