Headlines

တီးတိန်မြို့နယ်မှာ ထောပတ်သီးနဲ့မျောက်ငိုသီးကို စတင် ဝယ်ယူလာကြ

နိုဝင်ဘာလ ၂၁ ရက်။ ချင်းပြည်နယ် တီးတိန်မြို့နယ် အနောက်ဘက်ခြမ်း ဒေသတွေမှာ နှစ်ရှည်ပင် အသီးများဖြစ်တဲ့ ထောပတ်သီး နှင့် မျောက်ငိုသီးများ ဈေးကောင်း မရသေးသော်လည်း ဝယ်လက်များမှ စတင် ဝယ်ယူနေပြီလို့ ဒေသခံများ ဆီကနေ သိရှိရပါတယ်။ ” ထောပတ်သီး တအိတ်ကို ၆ သောင်း လောက်နဲ့ စုဆောင်း ဝယ်ယူ နေကြပါတယ်။ အရင်နှစ် ကလည်း အဲလောက် နဲ့ပဲ ဝယ်ကြတာ ဆိုတော့ ငွေကြေး ဖောင်းပွနှုန်း နဲ့ဆို ကျတယ် လို့ ပြော လို့ရတယ်။ မျောက်ငို ကတော့ နည်းနည်း နုသေးတယ်။ လက်ရှိမှာ တထောင့်ကို ကျပ် ၁၀၀ နဲ့ ဝယ်ကြတယ်။ အရင်နှစ် ကဆို ရာသီ…

Read More

ချင်းပြည်နယ်မှာ ၄ လအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ ၅ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရခဲ့

နိုဝင်ဘာလ ၂၁ ရက်။ ၂၀၂၄ ခုနှစ် ဇွန်လကနေ စက်တင်ဘာလအတွင်း စစ်ကောင်စီက ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၃၅ ကြိမ် လုပ်ခဲ့ပြီး အဆိုပါလေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး၊ ကလေးငယ်အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ Blood Money-သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားတဲ့ အဖွဲ့ ရဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။ ဒီ ၄ လတာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၉ လုံး၊ ဘာသာရေးအဆောက်အအုံ ၈ ခု၊ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့ပြီး ဇွန်လ ၉ ရက်နေ့ကစခဲ့တဲ့ မတူပီမြို့သိမ်းတိုက်ပွဲမှာလည်း ချင်းပြည်နယ်ရဲ့ အထင်ကရ ဘာသာရေးအဆောက်အအုံတွေဖြစ်တဲ့…

Read More

CDF – Matupi တပ်မဟာ – ၁ ရဲ့ အစည်းအဝေးကိုလာရောက်ခြင်းမရှိတဲ့ ကျေးရွာဒေသတချို့ကိုစားသောက်ကုန်ပစ္စည်းတချို့ ဖြတ်တောက်ထားတယ်လို့ CDF – Matupi တပ်မဟာ (၂) ပြော

နိုဝင်ဘာလ ၂၁ ရက်။ CDF – Matupi တပ်မဟာ – ၁ ရဲ့ မတူပီမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးလုပ်ငန်းတွေအတွက် အစည်းအဝေးခေါ်ယူတဲ့နေရာမှာ လာရောက်ခြင်းမရှိတဲ့ မတူပီမြို့နယ်က ကျေးရွာဒေသတချို့ကို အခြေခံစားသောက်ကုန်ပစ္စည်းတချို့ ဖြတ်တောက်ထားတယ်လို့ CDF – Matupi တပ်မဟာ (၂) ပြောရေးဆိုခွင့်ရှိသူ Ko Nai John Kim ကပြောပါတယ်။ CDF – Matupi တပ်မဟာ (၂) ပြောရေးဆိုခွင့်ရှိသူ Nai John Kim က “အုပ်ချုပ်ရေးမှာ သူတို့ CB တပ်မဟာ ၁ ကဘဲ လုပ်ပြီးမှ ကျနော်တို့ အများအားဖြင့် ပြည်သူရှိတဲ့နေရာတွေ ပြည်သူများတဲ့နေရာတွေက ဒေသခံတွေက အစည်းအဝေးကို မတက်ရောက်ဘူး CB ရဲ့အုပ်ချုပ်ရေးအောက်မှာ…

Read More

မကွေးမြို့ကိုရောက်ရှိနေတဲ့ ကန်ပက်လက်မြို့နယ်၊ကျင်ဒွေးမြို့က ချင်းစစ်ဘေးရှောင်လူဦးရေ ၁၀၃ ဦးအတွက် ထောက်ပံ့ပစ္စည်းတွေပေးကာ၊နေအိမ်တွေဆောက်လုပ်ပေးကြောင်းထုတ်ပြန်

နိုဝင်ဘာလ ၂၀ ရက်။ မကွေးတိုင်းဒေသကြီး မကွေးမြို့ကို ရောက်ရှိ နေတဲ့ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်၊ကျင်ဒွေးမြို့ကနေ စစ်ဘေးလာရှောင်နေတဲ့ အိမ်ထောင်စု ၃၂ စု၊ လူဦးရေ ၁၀၃ ဦးအတွက် ထောက်ပံ့ပစ္စည်းတွေပေးတာအပြင် နေအိမ်တွေဆောက်လုပ်ပေးတဲ့အကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စစ်ကောင်စီသတင်းဌာန MRTV ရဲ့သတင်းဖော်ပြချက်အရ သိရပါတယ်။ ကျင်ဒွေးဒေသကနေ စစ်ဘေးလာရှောင်တဲ့သူတွေအတွက် မီးဖိုချောင်သုံးပစ္စည်း၊ မိသားစုသုံးပစ္စည်း၊ သောက်ရေပုံး၊ တကိုယ်ရေသုံးပစ္စည်း၊ ဆောင်တွေ၊ မိုးကာစတာတွေကို အိမ်ထောင်စုအလိုက်ထောက်ပံ့ခဲ့ပြီး နေအိမ်တွေဆောက်လုပ်ပေးခဲ့ကာ စစ်ကောင်စီခန့် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က မနေ့နိုဝင်ဘာလ ၁၉ ရက်နေ့ ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ MRTV သတင်းဌာနက ဖော်ပြပါတယ်။ ကျင်ဒွေးဒေသကနေ စစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စု ၃၂ စုဟာ စက်တင်ဘာလ ၈ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး မကွေးမြို့ကို ရောက်လာခဲ့သူတွေလို့လည်း စစ်ကောင်စီသတင်းဌာနက…

Read More

စက်သုံးဆီကန့်သတ်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် ကလေးမြို့နဲ့ခိုင်ကမ်းမြို့မှာစက်သုံးဆီအလုအယက်ဝယ်ကြလို့ စက်သုံးဆီဈေးတက်

နိုဝင်ဘာလ ၂၀ ရက်။ စစ်ကောင်စီက စက်သုံးဆီတွေ ခွဲတမ်းမချပေးတော့ဘူးဆိုတဲ့ သတင်းတွေကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့ ချင်းပြည်နယ် ခိုင်ကမ်းမြို့မှာ ဓာတ်ဆီဈေးတွေ တက်ကုန်တယ်လို့ ခိုင်ကမ်းမြို့ဒေသခံတစ်ဦးကပြောပါတယ်။ ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ဒေသခံတစ်ဦးပြောတာက “လူတွေက ကောလဟာလကို အရမ်းယုံချင်ကြလို့၊ ဝယ်လို့ရပါတယ်။ မလိုအပ်ဘဲလျှောက်ဝယ်လို့ ဓာတ်ဆီရောင်းတဲ့သူတွေ တစ်လရောင်းရမယ့် ဓာတ်ဆီတွေ တစ်ရက်၊နှစ်ရက်တွင်း ကုန်သွားတာဘဲ အဖက်တင်သွားတယ်၊ ဈေးတက်သွားတာဘဲ အဖက်တင်တယ်ပေါ့ ဘယ်သူမှ မလိုအပ်ဘဲ မဝယ်ရင် ဘာမှ မဖြစ်ပါဘူး” လို့ပြောပါတယ်။ စစ်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စက်သုံးဆီအရောင်းဆိုင်တွေမှာ သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချပေး လျက်ရှိတဲ့အကြောင်း စစ်ကောင်စီသတင်းဌာန MRTV က ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ကလေးမြို့မှာ လောင်စာဆီများ အလုအယှက်…

Read More

မင်းတပ်မြို့မှာ ၁၀ ရက်ဆက်တိုက် စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့မီးရှို့တာတွေကြောင့် မြို့ရဲ့နေရာတော်တော်များမှာ မီးလောင်ပြာကျ

နိုဝင်ဘာလ ၁၉ ရက်။ ချင်းပြည်နယ်မင်းတပ်မြို့မှာ တိုက်ပွဲတွေစတင်ဖြစ်ခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဒီကနေ့အချိန်ထိ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့မီးရှို့တာတွေကြောင့် မြို့ရဲ့နေရာတော်တော်များမှာနေအိမ်တွေမီးလောင်ပြာကျပျက်ဆီးခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီက မင်းတပ်မြို့ ၂ မိုင်နဲ့ ၃ မိုင်အနီးက နေအိမ်တွေကို မီးပုလင်းတွေအသုံးပြုပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်းတွေကြောင့် နေအိမ်တွေ အများအပြား မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ မင်းတပ်ဒေသခံတစ်ဦးက “နေအိမ်တွေကို စကစဘက်က မီးရှို့တာတွေ တောက်လျောက်လုပ်နေတယ်လို့ သိရပါတယ်။လက်နက်ကြီးကြောင့် မီးလောင်တာရှိသလို သူတို့ရှို့တာတွေလည်း များနေပြီလို့ သိရတယ်၊ အတိအကျ သိရဖို့က မသိရသေးဘူး။ မကြာခင် တာဝန်ရှိသူတွေဘက်ကလည်း တရားဝင်ထုတ်ပြန်လာလိမ့်မယ်ထင်ပါတယ်” လို့ပြောပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် CDF – Mindat နဲ့…

Read More

ကျီခါးမြို့နဲ့ ပတ်ဝန်းကျင်ကို Chinland Council ပူးပေါင်းတပ်မှ ထိန်းချုပ်ထားခြင်းမရှိကြောင်းသိရ

နိုဝင်ဘာလ ၁၈ ရက်။ လက်ရှိမှာ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က ကျီခါးမြို့နှင့် ပတ်ဝန်းကျင်ဒေသတွေကို အပါအဝင် CNF/A ဦး ဆောင်ပြီး CDF-Tonzang ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်မှ ထိန်းချုပ်ထားခြင်း မရှိဘူးလို့ ကျီခါးမြို့ခံ တစ်ဦးထံမှ သိရှိရပါတယ်။ “CNF နှင့် သူ့ရဲ့ မဟာမိတ် တပ်ဖွဲ့တွေက မေလ ၁၉ ရက်နေ့မှာ ကျီခါးမြို့ကို ရောက်လာကြတယ်။ ရဲစခန်းကို မီးရှို့လိုက်တယ်။ ဘာထိတွေ့ တိုက်ပွဲ မှ မရှိပါဘူး။ အပြန်အလှန် ပစ်ခတ်တာလဲ မရှိပါဘူး။ သူတို့ အလံ ထောင်ပြီး ပြန်လှည့်သွားကြတယ်။ သူတို့ ခဏ ရောက်လာတာက လွဲရင် ဘာမှ ထိန်းချုပ်တာ၊ အုပ်ချုပ်တာမျိုး မရှိပါဘူး” လို့ ကျီခါးမြို့ခံတစ်ဦးက…

Read More

စစ်ကောင်စီက ချင်းပြည်နယ်ကမြို့အားလုံးကို စက်သုံးဆီခွဲတမ်းလုံးဝချမပေးတော့ဘူးလို့ သိရ

နိုဝင်ဘာလ ၁၈ ရက်။ စစ်ကောင်စီက သတ်မှတ်လိုက်တဲ့ စက်သုံးဆီခွဲတမ်း လုံးဝ ချမပေးတော့မယ့်ပြည်နယ်နှင့် မြို့နယ်တွေထဲမှာချင်းပြည်နယ်ကမြို့နယ်အားလုံးပါဝင်ပြီး စက်သုံးဆီခွဲတမ်းချမပေးတော့ဘူးလို့ စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက မြန်မာနိုင်ငံစက်သုံးဆီ လုပ်ငန်းရှင်များအသင်းထံကို နိုဝင်ဘာလ ၁၇ ရက်နေ့က အသိပေးလာတယ်လို့ သိရပါတယ်။ ပိတ်ပင်ထားတဲ့ နယ်မြေတွေမှာသက်ဆိုင်ရာ စစ်တပ်နဲ့ရုံးဌာနတွေအတွက် စက်သုံးဆီကို အထူးကိစ္စရပ်အဖြစ် ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဟားခါးမြို့ခံတစ်ဦးကလက်ရှိအခြေအနေနဲ့ပတ်သက်ပြီး “ စက်သုံးဆီက ရတယ် ဈေးကြီးတာဘဲ ရှိတယ် ပိတ်ခဲ့ရင်လည်း ချက်ခြင်းတော့ မဖြစ်လောက်သေးပါဘူး” လို့ပြောပြပါတယ်။ စက်သုံးဆီခွဲတမ်းလုံးဝ မချပေးတဲ့ နေရာတွေမှာ ကချင်ပြည်နယ်မှာဆိုရင် မြစ်ကြီးနားမြို့ကလွဲရင် မြို့နယ်အားလုံးပါဝင်တယ်လို့ သိရပြီး၊ လားရှိုး၊ နောင်ချို အပါအဝင် ရှမ်းမြောက်ဒေသတစ်ခုလုံးနဲ့ ချင်းပြည်နယ်က မြို့နယ်အားလုံး စက်သုံးဆီ(PO) လုံးဝမချပေးတော့ဘူးလို့သိရပါတယ်။ စက်သုံးဆီမချပေးတော့မယ့် မြို့နယ်တွေကတော့ ထိးချိုင့်၊…

Read More

အရှိုချင်းကာကွယ်ရေးတပ်(ACDF)တည်ထောင်ခြင်း ၃ နှစ်ပြည့်သဘောထားထုတ်ပြန်

နိုဝင်ဘာလ ၁၇ ရက်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)အနေဖြင့်အရှိုချင်းဒေသများတွင်အရှိုချင်းပြည်သူလူထုနှင့်ဖြစ်စေ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ဖြစ်စေ၊ပူးပေါင်း၍အုပ်ချုပ်ရေး၊ပညာရေး၊ကျန်းမာရေးစသည့်ကဏ္ဏများကိုဖော်ဆောင်သွားမည် စသည့်အချက်အပါအဝင် အချက် ၇ ချက်ကို နိုဝင်ဘာလ ၁၆ ရက်မှာကျရောက်တဲ့အရှိုချင်းကာကွယ်ရေးတပ် (ACDF)တည်ထောင်ခြင်း ၃ နှစ်ပြည့်သဘောထားထုတ်ပြန်ချက်အဖြစ် ACDFက နိုဝင်ဘာလ ၁၇ ရက်မှာထုတ်ပြန်ထားပါတယ်။ ACDF တပ်ဖွဲ့ရဲ့၃ နှစ်ပြည့်ထုတ်ပြန်ချက်မှာအရှိုချင်းကာကွယ်ရေးတပ် (ACDF)အနေဖြင့်စစ်အာဏာရှင်အားတိုင်းရင်းသားပြည်သူလူထုနှင့်အတူလက်နက်စွဲကိုင်တော်လှန်လာခဲ့သည်မှာယခုဆိုလျင်သုံးနှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊EAOs /တိုင်းရင်းသားပြည်သူလူထုနှင့်မဟာမိတ်တော်လှန်ရေးအဖွဲ့များ၏ဝန်းရံထောက်ပံ့ကူညီမှုအတွက်အရှိုချင်းကာကွယ်ရေးတပ်ACDFအနေဖြင့်များစွာကျေးဇူးတင်ရှိပါကြောင်း၊အရှိုချင်းကာကွယ်ရေးတပ် ACDF အနေဖြင့်အဖွဲ့၏ချမှတ်ထားသောမူဝါဒများအရစစ်အာဏာရှင်ကျရှုံးရေးအတွက်မည်သည့်တော်လှန်ရေးအင်အားစုများနှင့်ဖြစ်စေပူးပေါင်းတော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့်အတူအရှိုချင်းပြည်သူလူထု၏ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်သက်ဆိုင်သောပြည်သူလူထုနှင့်အတူပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အရှိုချင်းကာကွယ်ရေးတပ် ACDFအနေဖြင့်အရှိုချင်းဒေသများတွင်အရှိုချင်းပြည်သူလူထုနှင့်ဖြစ်စေ၊ သက်ဆိုင်ရာအဖွဲစည်းများနှင့်ဖြစ်စေ၊ပူးပေါင်း၍အုပ်ချုပ်ရေး၊ပညာရေး၊ကျန်းမာရေးစသည့်ကဏ္ဏများကိုဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊အရှိုချင်းကာကွယ်ရေးတပ် ACDFအနေဖြင့်တိုင်းရင်းသားပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုတတ်နိုင်သမျှကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊အရှိုချင်းကာကွယ်ရေးတပ် ACDFအနေဖြင့်တိုင်းရင်းသားပြည်သူလူထု၏ငြိမ်းချမ်းသာယာဝပြောရေးကိုရှေ့ရှုပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ထွန်းရေးအတွက်ချစ်ခြင်း မေတ္တာ၊ညာဏ်ပညာနှင့်သစ္စာတရားကိုလက်ကိုင်ထားပြီးဖော်ဆောင်သွားမည်ဖြစ်ကြောင်း ACDF တပ်ဖွဲ့ရဲ့၃ နှစ်ပြည့်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်စပ်မှာ စစ်ရေးလှုပ်ရှားတဲ့ ACDF တပ်ဖွဲ့ရဲ့၃ နှစ်ပြည့်တော်လှန်ရေးကာလအတွင်းမှာ တပ်ဖွဲ့ဝင်၂ဦးကျဆုံးခဲ့ကြောင်းသိရပါတယ်။

Read More

စစ်ရေးပဋိပက္ခ မဖြစ်အောင် ကြားခံအဖွဲ့အစည်းတွေအကူအညီနဲ့ ညှိနှိုင်းထားတဲ့ ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင် (CB) အကြားအပြန်အလှန်ပစ်ခတ်မှုပြန်ဖြစ်တယ်လို့ သိရ

နို၀င်ဘာလ ၁၅ ရက်။ စစ်ရေးပဋိပက္ခ မဖြစ်အောင် ကြားခံအဖွဲ့အစည်းတွေအကူအညီနဲ့ ကြားဝင်ညှိနှိုင်းပေးထားတဲ့ ချင်းညီနောင် (CB) နဲ့ ချင်းပြည်ကောင်စီ (CC) အကြား နိုဝင်ဘာလ (၁၁) ရက်နေ့က ချင်းပြည်နယ် မတူပီမြို့နယ်အတွင်းက ပင်သီယာကျေးရွာမှာ အပြန်အလှန်ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ကြောင်း နှစ်ဘက်အဖွဲ့ အသီးသီးက ထုတ်ပြန်ပြောဆိုထားပါတယ်။ ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင် (CB) အဖွဲ့ဝင်တွေ အကြားအပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ဘက်က နိုဝင်ဘာလ ၁၄ရက်နေ့မှာ အခုလိုထုတ်ပြန်ထားပါတယ်။ မရာနယ်မြေအတွင်းကို CNF/CNA လက်အောက်ခံ Chinland Council တပ်ဖွဲ့တွေက ပင်တီယာကျေးရွာအထိ ကျူးကျော်နေရာချတာ လမ်းပိတ်ဆို့တာ MTC/MDF ထိန်းချုပ်နယ်မြေကို စားနပ်ရိက္ခာ ကုန်စည်စီးဆင်းမှု ဖြတ်တောက်တာတွေကြောင့် ပြည်သူလူထုဆင်းရဲဒုက္ခ ခံစားနေကြရပြီး ပင်တီယာ (၉) မို်င်ရွာသား ၂…

Read More