Headlines

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကကလေးငယ်များ၊ အမျိုးသမီးနဲ့ ဒဏ်ရာရသူတွေကို ချန်ထားခဲ့ကြောင်း၊စစ်သုံ့ပန်း ၂၀၀ ဝန်းကျင် ထိန်းသိမ်းထားကြောင်းသိရ

ဧပြီလ ၉ ရက်။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကာလရှည်ကြာတိုက်ခိုက်ခဲ့ရတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းအမှတ် ၂၆၈ ကို ဧပြီလ ၇ ရက်နေ့က သိမ်းပိုက်စဉ် စစ်ကောင်စီတပ်က ကလေးငယ်များ၊ အမျိုးသမီးနဲ့ ဒဏ်ရာရသူတွေကို ချန်ထားခဲ့ကာထွက်ပြေးသွားကြောင်း၊လက်ရှိ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၀၀ ဝန်းကျင် ထိန်းသိမ်းထားတယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ဖလမ်းမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက Chin World Media ကိုပြောပါတယ်။ “ကျနော်တို့ ဖလမ်းကို ၂၀၂၄ ခုနှစ် ၉ ရက်နေ့ကစတင်ပြီးလို့ ဧပြီလ ၇ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ် ဒီအတောအတွင်းမှာ စကစ အနေနဲ့ စစ်ကူကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ တစ်ကြိမ် ၂၀၂၅ ဖေဖော်ဝါရီလမှာ တစ်ကြိမ်…

Read More

ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီလို့ ချင်းညီနောင်အဖွဲ့ထုတ်ပြန်

ဧပြီလ ၉ ရက်။ ဖလမ်းမြို့သိမ်းတိုက်ပွဲ ချင်းညီနောင်စစ်ဆင်ရေးကို ၅ လ ပြည့်တဲ့ ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ဖလမ်းမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်တဲ့ နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ (CB) က ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် (CB) မဟာမိတ်ပူးပေါင်းအဖွဲ့ တွေဖြစ်တဲ့ 96 Solider PDF, Anti- Fascist Internationalist Front (AIF),Burma National Revolutionary Army (BNRA) ,Burmese Revolutionary Technical Front (BRTF ယမ်းအဖွဲ့), Generationa Z Army (GZA) ,Giant…

Read More

ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဒီကနေ့မှာ သိမ်းပိုက်နိုင်ပြီလို့ သိရ

ဧပြီလ ၇ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့က စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန် တပ်စခန်းဖြစ်တဲ့ ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ ဧပြီလ (၇) ရက်နေ့ မနက်ပိုင်းမှာဘဲ သိမ်းပိုက်နိုင်ပြီလို့သိရပြီး လက်ရှိ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Chin World Media ကို ပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “ ဖလမ်းမြို့ကို ဒီကနေ့ မနက်ပိုင်းမှာဘဲ သိမ်းနိုင်ပြီ လက်ရှိ ထွက်ပြေးနေတဲ့ စကစ တွေကို လိုက်ဖမ်းနေတုန်းဖြစ်တယ်၊ အသေးစိတ်ကို တာဝန်ရှိသူတွေဘက်က ထုတ်ပြန်ကြပါလိမ့်မယ်” လို့ပြောပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲ အစပိုင်းကာလမှာပင် ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဖလမ်းမြို့ရဲစခန်းနဲ့တခြားတပ်စခန်းတွေကိုသိမ်းပိုက်ခဲ့ ပေမယ့် စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်းတစ်ခုဖြစ်တဲ့ ခလရ ၂၆၈…

Read More

တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၆၇ ဦး ကျဆုံးခဲ့ရပြီး အရပ်သားပြည်သူ ၁၇ ဦးလည်း စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ CDF – Thantlang ထုတ်ပြန်

ဧပြီလ ၇ ရက်။ တော်လှန်ရေး ၄ နှစ်တာအတွင်း CDF – ထန်တလန်ဘက်က ရဲဘော် ၆၇ ဦး ကျဆုံးခဲ့ရပြီး အရပ်သားပြည်သူ ၁၇ ဦးလည်း စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ CDF – Thantlang တည်ထောင်ခြင်း ၄ နှစ်ပြည့်တဲ့ ဧပြီလ ၆ ရက်နေ့ မှာထုတ်ပြန်ထားပါတယ်။ ချင်းပြည် (Chinland) နဲ့ ချင်းလူမျိုး လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာ ကျဆုံးသွားသူတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်အားလုံးကို အလေးနက် ဦးညွတ်အလေးပြုကြောင်းနဲ့ CDF – ထန်တလန် ရဲ့တော်လှန်ရေး ၄ နှစ်တာခရီးကို အဘက်ဘက်က ကူညီပံ့ပိုးကူညီပေးကြတဲ့ ပြည်တွင်း၊ ပြည်ပက ပြည်သူတစ်ရပ်လုံးကိုလည်း ကျေးဇူးတင်ရှိတဲ့ကြောင်း CDF –…

Read More

ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့စစ်သင်တန်းကို ရခိုင်လူမျိုးတွေအပြင် ချင်းတွေကိုလည်း တက်ရမယ်လို့ စည်းရုံးမှုတွေရှိလာတယ်လို့ သိရ

ဧပြီလ ၆ ရက်။ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ကျေးရွာတွေမှာ အာရက္ခတပ်တော် (AA) ရဲ့စစ်သင်တန်းကို ရခိုင်လူမျိုးအပြင် ချင်းတွေလည်း တက်ရောက်ရမယ်လို့ (ULA/AA)အုပ်ချုပ်ရေးပိုင်းတွေ၊ အရာရှိတွေက အခုရက်ပိုင်းအတွင်း တစ်ရွာဝင်တစ်ရွာထွက် လိုက်လံပြောဆိုနေတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း အမျိုးသမီးဆိုရင် အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း နဲ့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိအခြေခံစစ်သင်တန်းတက်ဖို့ အာရက္ခတပ်တော် (AA)က အရင်က ရခိုင်လူမျိုးတွေကိုသာ ခေါ်ခဲ့တာဖြစ်ပြီး အခုမှ ချင်းတွေကိုလည်း ခေါ်လာတာဖြစ်တယ်လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “လက်ရှိပလက်ဝမြို့နယ်က ကျေးရွာတွေမှာ အာရက္ခတပ်တော် (AA) ရဲ့ အုပ်ချုပ်ရေးမှူးတွေ၊ တပ်ပိုင်းအရာရှိတွေက တစ်ရွာဝင်တစ်ရွာထွက်ပြီး ရခိုင်လူမျိုးမဟုတ်တဲ့…

Read More

တွန်းဇံမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ZRA တပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်မယ်လို့ CDF-Hualngoram ထုတ်ပြန်

ဧပြီလ ၅ ရက်။ တွန်းဇံမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ Zomi Revolutionary Army (ZRA)တပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်မယ်လို့ Chinland Council အဖွဲ့ဝင် CDF-Hualngoram တပ်ဖွဲ့က ဧပြီလ ၄ ရက်နေ့ ရက်စွဲနဲ့ ဒီကနေ့ဧပြီလ ၅ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။ တွန်းဇံမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် မေလအတွင်း မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဆင်နွဲခဲ့ပြီး ဘုရားရှင်၏ ကူညီဖေးမမှုနှင့်အတူ တွန်းဇံမြို့ကို စစ်အာဏာရှင်လက်အောက်မှ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း အသက်၊သွေး၊ချွေးပေါင်းများစွာပေးဆပ်ခဲ့ရပြီး CDF-Hualngoram တပ်ဖွဲ့ဝင်တစ်ချို့သည်လည်း အမိမြေအတွက် မြင့်မြတ်စွာအသက်စွန့်ခဲ့ကြရတယ်လို့ CDF-Hualngoram ကထုတ်ပြန်ထားပါတယ်။ အဲဒီအချိန်ကစလို့ တွန်းဇံမြို့အတွင်း မိဘပြည်သူတွေဟာလည်း အေးချမ်းစွာ နေထိုင်ခဲ့ကြသော်လည်း ၂၀၂၅ ခုနှစ် ဧပြီလ (၃)ရက်နေ့ မနက်ပိုင်းတွင်စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် Zomi…

Read More

ချင်းပြည်နယ်နဲ့ အနီးစပ်ဆုံးဒေသက ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေကို ချင်းပြည် (Chinland) အစိုးရကနေ ကျပ်သိန်း ၁၀၀၀ ထောက်ပံ့သွားမယ်

ဧပြီလ ၄ ရက်။ ချင်းပြည်နယ်နဲ့ အနီးစပ်ဆုံး ဒေသက ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူတွေကို ချင်းပြည် (Chinland) အစိုးရကနေ ကျပ်သိန်း ၁၀၀၀ ထောက်ပံ့သွားမှာဖြစ်တဲ့အကြောင်း ချင်းပြည် (Chinland)ကောင်စီ အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။ ချင်းပြည် (Chinland))ကောင်စီ အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက “သိန်းတထောင်ခန့် ထောက်ပံ့ဖို့ ပြင်ဆင်ထားပါတယ် ဘယ်နေရာဒေသတွေကို အဓိကထောက်ပံ့မလဲဆိုတာက ချင်းပြည်နယ်နဲ့ အနီးစပ်ဆုံးက ငလျင်ဒဏ်ခံနေတဲ့ ဒေသဖြစ်မှာပါ အသေးစိပ်တော့ ပြောမရသေးဘူး၊ သက်ဆိုင်ရာ အချင်းချင်းချိတ်ဆက်ပါလိမ့်မယ်” လို့ပြောပါတယ်။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းထဲက မြို့နယ်ပေါင်း ၂၀ ကျော်မှာ အဆောက်အအုံအများအပြား…

Read More

ငလျင်ကြောင့် ယာယီအပစ်ရပ်တာကို အခွင့်ရေးယူ တိုက်ခိုက်တဲ့ ZRA ကို ပြန်လည်ချေမှုန်းမှာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA)ကထုတ်ပြန်

ဧပြီလ ၄ ရက်။ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးအတွက် ယာယီအပစ်အခတ်ရပ်စဲပြီး စစ်ရေးလှုပ်ရှားမှုတွေ ကန့်သတ်ထားခြင်းကို အခွင့်အရေးယူပြီး Zomi Revolutionary Army (ZRA) အဖွဲ့ဟာ ချင်းလဲန်း၊ တွန်းဇံမြို့နယ်ကို ဧပြီလ ၃ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှ စတင်ကာ ကျူးကျော်တိုက်ခိုက်လာခဲ့ပြီး ချင်းအမျိုးသားတပ်မတော် အမှတ် (၄) တပ်မဟာအနေနဲ့လည်း ခုခံကာကွယ်ရန် လိုအပ်လာလို့ ပြန်လည်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်လို့ချင်းအမျိုးသားတပ်မတော်(CNA) အမှတ် (၄) တပ်မဟာကအသိပေးထုတ်ပြန်ထားပါတယ်။ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးအတွက် ယာယီအပစ်ခတ်ရပ်စဲပြီး ဝိုင်းဝန်းဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် စစ်ရေးလှုပ်ရှားမှုတွေကို ကန့်သတ်ထားခြင်းကို အခွင့်အရေးယူပြီး Zomi Revolutionary Army (ZRA) အဖွဲ့ဟာကျူးကျော်တိုက်ခိုက် လာခြင်းဖြစ်တယ်လို့ ချင်းအမျိုးသားတပ်မတော် အမှတ်…

Read More

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးမှာ လစ်လပ်နေတဲ့ ရာထူးနေရာတွေအတွက် အလုပ်ခေါ်ယူ

ဧပြီလ ၄ ရက်။ ပြည်သူလူထု အမှန်တကယ် အားကိုးယုံကြည်တဲ့ အရပ်သားအုပ်ချုပ်ရေး ယန္တရားတစ်ရပ် ဖော်ဆောင်ရန်အတွက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံးမှာ လစ်လပ်နေတဲ့ ရာထူးနေရာတွေအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ အနေနဲ့ လျှောက်ထားနိုင်တဲ့အကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ မနေ့က တရားဝင်ထုတ်ပြန်ထားပါတယ်။ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးမှာ လစ်လပ်နေတဲ့ ရုံးအဖွဲ့မှူး (၁)နေရာ၊ လက်ထောက်ရုံးအဖွဲ့မှူး (၁) နေရာ၊ ရုံးအုပ် (၁) နေရာ၊ ဌာနခွဲမှူး (၃)နေရာ၊ အကြီးတန်းဝန်ထမ်း (၃) နေရာ၊ အငယ်တန်းဝန်ထမ်း (၁၆) နေရာ၊ ယာဉ်မောင်း (၂) နရာ ၊ အခွန်ကောက်ဝန်ထမ်း (၆) နေရာ နဲ့ သန့်ရှင်းရေး၊ လုံခြုံရေးဝန်ထမ်း (၃) နရာအတွက် သတ်မှတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီသူတွေ…

Read More

တွန်းဇံမြို့မှာ ZRA တပ်ဖွဲ့နဲ့Chinland Council ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ကာ လူသေဆုံးမှုရှိ

ဧပြီလ ၃ ရက်။ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ပေါ်ဝန်းကျင်မှာ ဒီကနေ့ဧပြီ ၃ ရက်နေ့ နေ့လည် ၁၂ ခန့် ကစပြီး Zomi Revolution Army(ZRA EC )နဲ့ CDF-Tonzang ပါဝင်တဲ့ Chinland Council (CC) ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွါးကာ ZRA တပ်ဖွဲ့ဖက်က ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ “ZRA EC တပ်ဖွဲ့တွေက တွန်းဇံမြို့နယ် Mualkawi ရွာမှာ CC တပ်တွေနဲ့ ဒီမနက်မှာ ထိတွေ့ တိုက်ပွဲ ဖြစ်တယ်။ CC တွေ နောက်ဆုတ်တော့ Nakzang ရွာကနေ မဏိပူရ မြစ်ကို ဖြတ်ပြီး တွန်းဇံမြို့ကို ဝင်လာတာပါ။…

Read More