ကလေး – ဂန့်ဂေါ၊ဟားခါး-ဂန့်ဂေါ လမ်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရေး ပြင်ဆင်နေ
အောက်တိုဘာလ ၂၉ ရက်။ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကို ဆက်သွယ်ထားတဲ့ ကလေး – ဂန့်ဂေါ ကားလမ်းနဲ့ ချင်းပြည်နယ် ဟားခါးမြို့နဲ့ မကွေးတိုင်းဂန့်ဂေါမြို့ကိုဆက်သွယ်ထားတဲ့ ဟားခါး-ဂန့်ဂေါ ကားလမ်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ ကလေး – ဂန့်ဂေါကားလမ်းနဲ့ချင်းပြည်နယ် ဟားခါးမြို့နဲ့ မကွေးတိုင်းဂန့်ဂေါမြို့ကိုဆက်သွယ်ထားတဲ့ ဟားခါး-ဂန့်ဂေါ ကားလမ်း ကို ထိန်းချုပ်နိုင်ရေးအတွက် လူသူ လက်နက်ခဲယမ်းတွေ ဖြည့်တင်းတာတွေ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ်က “ကလေး – ဂန့်ဂေါလမ်းကို စကစ ဘက်က စစ်ကြောင်းထိုးဖို့ သတင်းထွက်နေတာတော့ ကြာပြီ သတိထားနေကြရတာပေါ့ ထိုးတာတော့ ထိုးမှာ ။…

