Headlines

admin

မတူပီမြို့နယ်မှာ တပ်သားသစ်စုဆောင်းနေတာကြောင့် ဒေသခံလူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရ

သြဂုတ်လ ၂၀ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မတူပီမြို့ကိုထိန်းချုပ်ထားတဲ့ မတူပီ တော်လှန်ရေးအဖွဲ့ချုပ် (MRO / CDF – Matupi) တပ်ဖွဲ့ က အသက် ၁၆ နှစ်နဲ့ အထက် လူငယ်တွေကို တပ်သားသစ် စုဆောင်းနေတာကြောင့် လူငယ်တွေ တောတောင်တွေထဲ နဲ့ တခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မတူပီဒေသခံတွေက ပြောပါတယ်။ မတူပီဒေသခံတစ်ဦးက “အခုလက်ရှိမှာလည်း ဖမ်းနေတယ် ပြီးခဲ့တဲ့ ၁၇ ရက်နေ့ဝန်းကျင်လောက်ကလည်း လွီဗန်းရွာမှာ ကျောင်းနေအရွယ် ၁၆ နှစ် အထက်တွေကို ဖမ်းဆီးခဲ့တယ် ဆရာ၊ ဆရာမတွေလည်း ဝင်တားတယ် မရဘူး စုစုပေါင်း ၁၁ ယောက်ပါသွားတယ် ကျောင်းဆရာ ၂ ယောက်နဲ့ဆို စုစုပေါင်း ၁၃ ယောက် ဖမ်းသွားတယ်…

Read More

စစ်ကော်မရှင်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲသည် ပဋိပက္ခများ ပိုမို နက်ရှိုင်းစေနိုင်တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ထုတ်ပြန်

သြဂုတ်လ ၁၉ ရက်။ စစ်ကော်မရှင်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည့် အစား ပဋိပက္ခများကို ပိုမို နက်ရှိုင်းစေနိုင်တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ( ICNCC ) က ဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းသည် တရားဝင် အစိုးရ မဟုတ်သော စစ်အာဏာရှင်စနစ် အာဏာသက်ဆိုးရှည်ရန် ကူညီခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ် ရက်စက်စွာ သတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် အားပေးရာ ရောက်ပြီး စစ်ကော်မရှင် ကျူးလွန် သောရာဇဝတ်မှုများတွင် ကိုယ်တိုင်ပါဝင်ကျူးလွန်နေသူများ အဖြစ် ပြည်သူများ၏ သတ်မှတ်ခြင်းကို ခံရလိမ့်မည်ဖြစ်တယ်လို့ ဆိုထားပြီး နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ပေးကြရန်နှင့်…

Read More

ပလက်ဝမြို့နယ်မှာ အင်တာနက်သုံးဖို့သွားတဲ့ ချင်းလူမျိုး ၄ ဦး စက်လှေမှောက်လို့ရေနစ်သေဆုံး

ဩဂုတ်လ ၁၉ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခွေးခေါင်းရွာနေ ဂါရာပြင်ရွာကို အင်တာနက် Starlink သုံးဖို့သွားခဲ့ကြတဲ့ ကလေး ၁ ဦးအပါ ဒေသခံ လေးတူချင်းလူမျိုး ၄ ဦးဟာ သြဂုတ်လ ၁၆ ရက်နေ့က စက်လှေမှောက်လို့ ရေနစ်သေဆုံးခဲ့ပြီး အလောင်း ၃ လောင်းကို ရှာတွေ့ပေမယ့် နောက်တစ်လောင်းကိုတော့ အခုထိ ရှာနေကြတုန်းလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ စနေနေ့က ခွေးခေါင်းရွာကနေ ဂါရာပြင်ရွာကို Starlink သွားသုံးကြတာ ၈ ယောက် ၊ ၄ ယောက်က ရေနစ်သေတယ် ၊ ရေနစ်သေသွားတဲ့ သူတွေ ၃ ယောက်ရဲ့ အလောင်းကိုတော့ ရှာတွေ့ပြီ နောက် ၁ လောင်းကိုတော့ ရှာနေကြတုန်းဖြစ်တယ်လို့…

Read More

ငွေစက္ကူ အတုများ ဖမ်းမိသတင်းကြောင့် တီးတိန်မြို့ရှိ ဈေးဆိုင်ကြီးများ အနေဖြင့် ငွေစက္ကူအတု သတိထားနေရ

ဩဂုတ်လ ၁၈ ရက်။ တီးတိန်မြို့နယ် ကျေးရွာ ၁ ရွာမှာ ငွေစက္ကူအတုများ ဖမ်းဆီးရမိတဲ့သတင်းထွက်ပေါ်ပြီးနောက်ပိုင်း တီးတိန်မြို့ ရှိ ဈေးဆိုင်ကြီးများ အနေဖြင့် ဈေးရောင်းဈေးဝယ် ပြုလုပ်ရာတွင် ငွေစက္ကူအတု မလက်ခံမိဖို့ အတွက် အထူး သတိထား စိစစ်ပြီး လက်ခံ နေရတယ်လို့ ဒေသခံ ဈေးရောင်း/စျေးဝယ်သူများထံမှ သိရှိရပါတယ်။ “တစ်သောင်းတန်၊ ငါးထောင်တန် ငွေစက္ကူတွေ ဆိုရင် သတိထားပြီး တစ်ရွက်ချင်း စစ်ဆေး လက်ခံ ခဲ့ရ ပါတယ်။ ဒီ ရက်ပိုင်း အတွင်းတော့ မြို့ပေါ်မှာ ငွေစက္ကူအတု အသုံးပြုတာမျိုးတော့ မကြားရ သေးဘူး။ ဒါပေမယ့် ကြားရတဲ့ သတင်း ကြောင့်တော့ သတိ အတော် ထား နေရ ပါတယ်” လို့ ဒေသခံစျေးသည်တစ်ဦးကပြောပါတယ်။…

Read More

ရွေးကောက်ပွဲအပိုင်း(၁)ကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းမယ်လို့ ထုတ်ပြန်

ဩဂုတ်လ ၁၈ ရက်။ လွှတ်တော်အသီးသီးအတွက် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ အပိုင်း (၁) စတင်ကျင်းပမှာဖြစ်ကြောင်း၊ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်ကျင်းပမယ့် နေ့ရက်တွေကိုလည်း ဆက်ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့သြဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲကို ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအပါအဝင် ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ မြို့နယ်စလုံးကို လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်တွေအဖြစ် သတ်မှတ်ကြောင်းကိုလည်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ ဒီဇင်ဘာလ…

Read More

Myanmar Idol မှာ Vote ပေးသကဲ့သို့ ရွေးကောက်ပွဲမှာ ချင်းပြည်သူများ ရောက်ရာအရပ်ကနေ လွယ်ကူစွာမဲပေးနိုင်ကြောင်းဆို

သြဂုတ်လ ၁၇ ရက်။ ၂၀၂၅ ဒီဇင်ဘာလ မှာ စစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲမှာ နည်းပညာမြင့် အီလက်ထရောနစ်မဲပေးစက်ကိုအသုံးပြုမှာဖြစ်တဲ့အတွက် မဲပေးရလွယ်ကူမြန်ဆန်တာကြောင့် နေရပ်စွန့်ခွာရ သော စစ် ရှောင် ချင်းပြည်သူများအ နေဖြင့် Myanmar Idol မှာ Vote ပေးသကဲ့သို့ ရောက်ရာအရပ်ကနေ လွယ်ကူစွာမဲပေးနိုင်ကြောင်း ချင်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ၁ခုရဲ့ဦးဆောင်သူ ၁ ဦးက ပြောပါတယ်။ ” အခု ရွေးကောက်ပွဲက အီလက်ထရောနစ်မဲ ပေးစက်ကိုအသုံးပြုမှာဖြစ်တဲ့အတွက် အရင်လိုမဲစာရွက်တွေနဲ့ မှားလုပ်မိမှာ တွေ စိုးရိမ်စရာမလိုဘူး ၊ ကျ နော်နားလည်သလောက်က ကိုယ်ပေးချင်တဲ့ပါတီကို ခလုတ် လေးနှိပ်ရုံပဲ ၊ နိုင်ငံရေးပါတီ တွေလည်း ရွာတိုင်းမြို့တိုင်းမဲလိုက်ဆွယ်ဖို့အခက်အခဲရှိတဲ့ ဒီလိုအချိန်အခါမှာ အီလက်ထရောနစ်မဲပေးစက်နဲ့မဲပေးတာ အတော်အဆင်ပြေတယ် မဲ…

Read More

ချင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်း ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြန်

ဩဂုတ်လ ၁၆ ရက်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲမှာ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်အများစုပါဝင်တဲ့ ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ မြို့နယ်စလုံးကို လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်များအဖြစ် သတ်မှတ်တဲ့အကြောင်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ ပြည်သူ့၊အမျိုးသား၊ပြည်နယ်လွှတ်တော် လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်များအဖြစ် တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ပလက်ဝမြို့နယ်၊ ဖလမ်းမြို့နယ်၊ မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်၊ ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ် တို့ကိုသတ်မှတ်ထားပါတယ်။ ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်ထဲမှာ ဟားခါးမြို့ နဲ့ တီးတိန်မြို့ ကိုသာ…

Read More

One Championship ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ်(ခ) အောက်ချင်းလေး ကို ဂျပန်ဖိုက်တာ အနိုင်ရ

ဩဂုတ်လ ၁၅ ရက်။ ဒီကနေ့ သြဂုတ်လ ၁၅ ရက်ညမှာ ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သိုင်းပေါင်းစုံကိုယ်ခံပညာပြိုင်ပွဲ One Championship , One Friday Fight 120 မှာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ဂျပန်နိုင်ငံသားဖိုက်တာ Jurai Ishii တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး တတိယအချီမြောက် ထိုးသတ်ချိန် ၂ မိနစ်ခွဲကျော်ကျော်မှာ ဂျပန်ဖိုက်တာက ချင်းဖိုက်တာ ဟာလိန်းအွမ်(ခ) အောက်ချင်းလေးကို အလဲထိုး အနိုင်ရသွားခဲ့တာဖြစ်ပါတယ် ချင်းလူငယ်ဖိုက်တာ မင်းတပ်သား ဟာလိန်းအွမ် (ခ) အောက်ချင်းလေးနဲ့ ဂျပန်နိုင်ငံသား Jurai Ishii တို့ဟာ ၁၂၀ ပေါင် ကက်ချ်ဝိတ်တန်း Muay Thai ပွဲစဉ်မှာ ထိုးသတ်ခဲ့ကြတာ…

Read More

ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ဂျပန်ဖိုက်တာတို့ ဒီကနေ့ည One Championship ပွဲထိုးသတ်ကြမယ်

ဩဂုတ်လ ၁၅ ရက်။ ဒီကနေ့ သြဂုတ်လ ၁၅ ရက်ညမှာ ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့မှာ ကျင်းပမယ့် သိုင်းပေါင်းစုံကိုယ်ခံပညာပြိုင်ပွဲ One Championship , One Friday Fight 120 မှာ ချင်းလူငယ်ဖိုက်တာ မင်းတပ်သား ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ဂျပန်နိုင်ငံသားဖိုက်တာ Jurai Ishii တို့ ထိုးသတ်သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။ ချင်းလူငယ်ဖိုက်တာ မင်းတပ်သား ဟာလိန်းအွမ် (ခ) အောက်ချင်းလေးနဲ့ ဂျပန်နိုင်ငံသား Jurai Ishii တို့ဟာ ၁၂၀ ပေါင် ကက်ချ်ဝိတ်တန်း Muay Thai ပွဲစဉ်မှာ ထိုးသတ်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ ONE Friday Fights 120 ပွဲစဉ်ကို ထိုင်းနိုင်ငံ ၊…

Read More

ပလက်ဝ ဒေသခံပြည်သူများကို ၎င်းတို့ဆန္ဒအလျောက် ဆုံးဖြတ်ခွင့်ပေးဖို့လို

ဆလိုင်းခင်တလင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့၊ ယူအယ်အေ/အေအေ၏ ပြောခွင့်ရ ခိုင်သုခ၏ သတင်းထောက်များ၏ မေး မြန်းချက်အပေါ် ဖြေကြားချက်အချို့ (ချင်းပြည် ပလက်ဝမြို့နယ်ကိစ္စအပေါ် ဖြေကြားချက်)သည် ၁၉၄၇ ဖွဲ့စည်း ပုံအ‌ခြေခံဥပဒေ ပြဋ္ဌာန်းချက်အချို့ အသက်ဝင်မှု/မဝင်မှုနှင့် ပက်သက်ပြီး ပေါ်ပေါက်လာသည့် တော်လှန်ရေးအင် အားစုများ (EAOs)နှင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးပဋိပက္ခအတွင်း ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေး အင်အားစု များ(PDFs)အကြား တိုးတိုက်မှုများမှာ ကဏ္ဍစုံမှာ ပေါ်ပေါက်လာခြင်းကို ထင်ဟပ်စေပြီး အဆိုပါ တိုးတိုက်မှုများ မှာ ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း တွေ့ရပြီး တော်လှန်ရေး၏ အရုဏ်ဦးလည်း ဖြစ်နိုင်သကဲ့ နိဂုံးလည်း ဖြစ်နိုင်သည်ကို သတိချပ်သင့်သည်။ သို့ဖြစ်၍ နွေဦးတော်လှန်ရေးကာလ နေရာအနှံ့ပေါ်ပေါက်လာသည့် နယ်မြေသိမ်းပိုက်မှုနှင့် အုပ်ချုပ်ရေးဖော် ဆောင်မှုအကြား…

Read More