မလေးရှားမှာ ACR အဖွဲ့ဝင်တွေကို ဒုက္ခသည်အမှုတွဲ (Case) အကြံပေးဆွေးနွေးမှုများ စတင်ပြုလုပ်ပေးတော့မယ်လို့ ထုတ်ပြန်
ဩဂုတ်လ ၂၉ ရက်။ မလေးရှားနိုင်ငံအခြေစိုက် ချင်းဒုက္ခသည်အရေးဆောင်ရွက်ပေးနေတဲ့ Alliance of Chin Regugees (ACR) အဖွဲ့က အဖွဲ့ဝင်တွေကို ACR ကဒ်ပြုလုပ်ချိန် ဒုက္ခသည် အမှုတွဲ (Case) အကြံပေးဆွေးနွေးမှုများကို စက်တင်ဘာလ ၁ ရက်နေ့ကစလို့ အကြံပေးဆွေးနွေးမှုတွေကို ပြုလုပ်ပေးသွားတော့မှာဖြစ်တယ်လို့ ACR က ဒီကနေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအေခြ အနေ ဆိုးရွားမှုများကြောင့် ချင်းလူမျိုးများစွာမလေးရှားသို့ထွက်ပြေး လာခဲ့ကြရပြီး မလေးရှားရောက်ရှိပြီးနောက် UNHCR ၏ဒုက္ခသည်အကာကွယ်ကိုလည်းလျှောက်ထားကြပြီးဖြစ်သလို လတ်တလောမှာလည်း UNHCR မှ ၂၀၁၉ – ၂၀၂၂ ခုနှစ်များအတွင်း UN လူသစ်မှတ်ပုံတင်ခြင်းလျှောက်ထားသောသူများကို ရက်ချိန်းများပေးပြီးမှတ်ပုံတင်များပြုလုပ်ပေးနေပြီဖြစ်သော်လည်း မိမိချင်းလူမျိုးများအနေဖြင့် မိမိဒုက္ခသည်အမှုတွဲ (case) များ အကြောင်း သေချာနားမလည်ဘဲ UNHCR…

