ကလေး – တမူး လမ်းကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကော်မရှင်တပ်က ကြိုးပမ်းနေ
စက်တင်ဘာလ ၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း အိန္ဒိယ – မြန်မာနယ်စပ်ကို ဆက်သွယ်ထားတဲ့ ကလေး – တမူး ၊ အာရှလမ်းမကြီးကို အာဏာသိမ်းစစ်ကောင်မရှင်တပ်က ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ထိန်းချုပ်နိုင်ဖို့ အသည်းအသန် ပြန်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေကပြောပါတယ်။ ကလေး – တမူး အာရှလမ်းမကြီးဘေးမှာရှိတဲ့ ကလေးမြို့ကနေ မိုင်၂၀ ဝန်းကျင်လောက်မှာရှိတဲ့ ကံသာယာကျေးရွာထိကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားပြီး အာဏာသိမ်းစစ်အုပ်စုက ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကစလို့ လူအင်အား၊ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူတွေနဲ့ အပြင်းအထန် တောက်လျောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေကပြောပါတယ်။ ကလေး – တူမူးကားလမ်းမကြီးအနီးနား နေထိုင်သူတစ်ဦးက “ကံသာယာကို သိမ်းနိုင်ဖို့ အသည်းအသည် လက်နက်ကြီးတွေနဲ့ ဆိုနေ့တိုင်း အဆက်မပြတ်ချနေကြတယ် လေယာဉ်နဲ့လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း လေယာဉ်နဲ့ ချတာ…

