“အနာဂါတ်ချင်းလူငယ်မျိုးဆက်များထံသို့ပေးစာ”
Shing Gei Ngai မိမိတို့ချင်းတောင်ဒေသမှာ ဇီဝမျိုးစုံမျိုးကွဲများ ထူးထူးခြားခြား ဖြစ်တည်တွေ့ရှိမှုကို ပြည်သူတွေကို သိစေချင်လို့ အသိပေးတော့ တစ်ချို့လူတွေဘာလဲ ဆိုတာသိချင်ကြတယ်၊တဖက်ကလည်း မတရား စီးပွားရေး လောဘသားတွေ ကိုလည်းကြောက်ရသေးတယ်၊ကျနော့်တို့ချင်းလူမျိုးများရဲ့အဖိုးတန် ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေ သဘာဝအမွေအနှစ် တွေကို စီးပွားရေး လောဘသားတစ်စုက မတရားသဖြင့် ကိုယ်ကျိုးအတွက် ပြည်တွင်း/ပကို ရောင်းစားကြလို့ ကုန်သလောက်ဖြစ်နေပါပြီ၊ကိုယ့်ထမင်းထုပ် သူများကိုပေးလိုက်တော့စားစရာမရှိတော့ဘူး၊ရဟန်းစားရသောဆွမ်းတစ်နပ်လို ကုသိုလ်ရရင်တော့ကောင်းမှာပေါ့၊ကိုယ့်ဆီမှာပဲရှိတဲ့ ရှားပါးသစ်ခွကိုပါ ထိုင်းကို ခိုးရောင်းစားတာလည်းသိကြပါတယ်၊အပြစ်အရမ်းကြီးပါတယ်၊ကျနော်တို့ ထိန်းသိမ်းရေးသတင်းအချက်အလက်နဲ့ ပါတ်သက်လာရင် နိုင်ငံတကာကွန်ယက်ချိတ်ဆက်မှု ရှိတော့သိရတယ်၊ကိုယ်ကျိုးအတ္တသမား တွေကတော့ ကျနော့်ကိုမုန်းမှာပါ၊သတ်တောင်သတ်ချင်ခဲ့ကြတယ်၊ လွန်ခဲ့သော ၂၀၀၂ ခုနှစ်က မင်းတပ်ခရိုင် ခ ယ က ဉက္ကဌနဲ့အတူ နယ်ဆင်းခရီးအတူသွားကြတယ်၊ ချင်းအဖိုးကြီးက ခ ယ က ဉက္ကဌ ကိုလာကြိုတော့ သူက…

