ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နဲ့ဦးညိုစော ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်ကိုဖွဲ့စည်း
ဇူလိုင်လ ၃၁ ရက်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးအတွက် ယာယီသမ္မတဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နဲ့ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစော ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်ကို ယနေ့ (ဇူလိုင် ၃၁ ရက်) တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစတင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတရုံးမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီ ၁ ရက်က အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်အားပယ်ဖျက်ကြောင်း ဒီနေ့ ဇူလိုင် ၃၁ ရက်နံနက်ပိုင်းက ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမှာဆုံးဖြတ်ပါတယ်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်မှာ ဥက္ကဌအဖြစ်…

