Headlines

ပြန်လည်ခိုလှုံလာသူတွေကို MTC/MDF က လုံခြုံရေးအာမခံချက် အပြည့်အဝ ပေးမယ်ဆိုတဲ့ MTC /MDF ထုတ်ပြန်ခဲ့ဘူးတဲ့ စကားရပ်ဟာ IMC / CDF – Mara ကို လက်နက်ချအညံံံံ့ခံရန် ရည်ရွယ်ရေးသားခဲ့ခြင်းမဟုတ်တဲ့အကြောင်းထုတ်ပြန်

အောက်တိုဘာလ ၂၃ ရက်။

CDF – Mara တပ်ဖွဲ့ဝင်တွေအနေနဲ့ မိဘရင်ခွင်ကို ပြန်လည်ခိုလှုံကြပါရန်နှင့် ထိုသို့ပြန်လည်ခိုလှုံလာသူတွေကို MTC/MDF က လုံခြုံရေးအာမခံချက် အပြည့်အဝ ပေးမယ်ဆိုတဲ့ MTC /MDF ထုတ်ပြန်ခဲ့ဘူးတဲ့ စကားရပ်ဟာ IMC / CDF – Mara ကို လက်နက်ချအညံံံံ့ခံရန် ရည်ရွယ်ရေးသားခဲ့ခြင်းမဟုတ်တဲ့အကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC/MDF)က ဒီကနေ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ရှင်းလင်းစာထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ – ၁၆ ရက်နေ့မှာ မရာငြိမ်းချမ်းရေးကော်မရှင်ရဲ့ ဦးဆောင်မှုနဲ့ MTC/MDF နဲ့ CDF – Mara ပြန်လည်ပေါင်းစည်းရေး အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ (RIC) အစည်းအဝေးတွင် IMC / CDF – Mara အနေနဲ့ MTC ရဲ့ တတိယအကြိမ် ပုံမှန်ကောင်စီအစည်းအဝေး ထုတ်ပြန်ချက် အပိုဒ် (၃) အပေါ် မရှင်းလင်းမှုရှိနေတာကြောင့် RIC အစည်းအဝေးဆုံးဖြတ်ချက် အမှတ်(၂) အရ ရှင်းလင်းတာလို့ ထုတ်ပြန်ထားပါတယ်။

IMC / CDF – Mara ဘက်က ရှင်းလင်းမှုမရှိတဲ့ MTC ရဲ့ ထုတ်ပြန်ချက် အပိုဒ် (၃)စကားရပ်ဟာ “ IMC / CDF – Mara အနေနဲ့ မကြာမီကျင်းပမည့် တတိယအကြိမ် မရာပြည်သူ့ညီလာခံမတိုင်မီအတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်တွင် အမြန်ဆုံးပူးပေါင်းဆောင်ရွက်ကြရန်နှင့် CDF – Mara တပ်ဖွဲ့ဝင်များ အနေဖြင့် မိမိတို့နေရပ်အသီးသီးရှိ မိဘရင်ခွင်ပြန်လည်ခိုလှုံကြပါရန်၊ ထိုသို့ ပြန်လည်ခိုလှုံ သူများကို MTC/MDF မှ လုံခြုံရေးအာမခံချက် အပြည့်အဝပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဆိုတဲ့ စကားရပ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

IMC / CDF – Mara ကိုလက်နက်ချအညံံ့ခံရန် ရည်ရွယ်ရေးသားခြင်းမဟုတ်ဘဲ မိမိရပ်ရွာကို ပြန်လည်လာရောက်လိုသည့် မရာလူငယ်များ၏ လုံခြုံစွာမိမိရပ်ရွာကို ပြန်လာနိုင်ရေး၊ လုံခြုံရေးဆိုင်ရာ စိတ်ချမှုရှိစေရေးနှင့် မရာလူမျိုးတွေ ပြန်လည်သင့်မြတ်နိုင်ရေးတို့ကို ဦးတည်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း MTC က ရှင်းလင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *