Headlines

ကလေး – သိုင်းငင်း – ဖလမ်းအကြား တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဒေသခံတွေရဲ့ နွားနောက်တွေကို မတရား ပစ်သတ်စားသောက်တာတွေ လုပ်နေတယ်လို့ သိရ

အောက်တိုဘာလ ၂၃ ရက်။

ချင်းပြည်နယ် တီးတိန်မြို့ နယ် သိုင်းငင်း – အာလွယ် – ဇူဇန် အကြား တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဒေသခံ နွားနောက်တွေကို ကြိုက်တဲ့အချိန် ပစ်သတ်စားသောက်တာတွေ လုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

တီးတိန်မြို့နယ်ထဲက အာလွယ် – ဇူဇန် – သိုင်းငင်း ကျေးရွာတွေဟာ နွားနောက်စာကျက်မြေတွေဖြစ်ပြီး အဲဒီဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်စားသောက်တာတွေကို ဒေသခံတွေအနေနဲ့ တားဆီး အရေးယူနိုင်တာ မရှိကြဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတစ်ဦးက “ သိုင်းငင်းနားက အာလွယ် – ဇူဇန်တို့ က နွားနောက်စာကျက်ဒေသလည်းဖြစ်တော့ အဲဒီမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အမြဲသတ်စားနေကြတယ် နွားနောက်ပိုင်ရှင်တွေကလည်း လိုက်မကြည့်ရဲဘူး အဲလိုအခြေအနေဖြစ်တာ ကြာနေပြီ” လို့ပြောပါတယ်။

ဒါ့အပြင် ဖလမ်းမြို့နယ်အစပ်ဘက်ရောက်တဲ့ သိုင်းငင်း – ဇောင်ကောင် – ဗားလုံ ဘက်က နွားနောက်တွေကိုလည်း သိုင်းငင်း – ဖလမ်းကြား တပ်စွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်သတ်စားသောက်တာတွေ ကြုံနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီအပြင် တီးတိန်မြို့နယ်ထဲက လိုင်တွီးကျေးရွာမှာလည်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း နွားနောက်အကောင်ရေ ၁၆၁ ကောင်ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်စားသောက်တာ ခံရသလို မြေမြှုပ်မိုင်းကြောင့်လည်း ၈၆ ကောင် သေဆုံးပြီး စုစုပေါင်း ၂၄၉ ကောင် ဆုံးရှုံးခဲ့ရပြီဖြစ်တယ်လို့လည်း လိုင်တွီးဒေသခံတွေရဲ့ စားရင်းပြုစုချက် အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *