Headlines

မလေးရှားရဲကို ရိုက်နှက်ခဲ့တဲ့ ချင်းအမျိုးသား ၂ ဦးကို ထောင်ဒဏ် ၄ နှစ်စီ တရားရုံးက ချမှတ်

အောက်တိုဘာလ ၁၄ ရက်။

မလေးရှားနိုင်ငံ၊ပါဟန်ပြည်နယ်၊ Raub မြို့မှာ မလေးရှားရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်ရိုက်နှက် ခဲ့တဲ့ ခူမီး (ချင်း) အမျိုးသား (၂) ဦးကို ဒီကနေ့အောက်တိုဘာလ ၁၄ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၄ နှစ်စီ အသီးသီးချမှတ်လိုက်တယ်လို့ မလေးရှားမြန်မာလူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးဆီကနေ သိရပါတယ်။

မလေးရှားမြန်မာလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက “ ဒီကနေ့မှာဘဲ ကျူးလွန်သူ ၂ ဦးကို တရားရုံးက အမိန့်ချလိုက်တယ် ထောင်ဒဏ် ၄ နှစ် စီ အသီးသီးချမှတ်လိုက်တယ်” လို့ပြောပါတယ်။

မလေးရှားရဲအရာရှိကို ရိုက်နှက်ခဲ့တဲ့ ချင်းအမျိုးသား ၂ နှစ်ဦးကို မလေးရှား Raub တရားရုံးက ပုဒ်မ ၃၃၃ နဲ့ တရားစွပ်စွဲခဲ့တာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ တရားရုံးကနေ ထောင်ဒဏ် ၄ နှစ်စီ အသီးသီး ချမှတ်ခဲ့တာဖြစ်ပါတယ်။

ခူမီးချင်းအမျိုးသား ၂ ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က ရော့ဘ်မြို့ ၊ Kampung Pamah Kulat လမ်းဘေးမှာ အသံချဲ့စက်ကို အသံကျယ်ကျယ်ဖွင့်ကာ ဆူညံနေကြလို့ ဒေသခံတွေက တိုင်ကြားလို့ သတိပေးလာတဲ့ ရဲအရာရှိကို ထိုးကြိတ်ရိုက်ခဲ့လို့ ရဲအရာရှိဖြစ်သူဟာ ဒဏ်ရာတွေရရှိပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *