
ဧပြီလ ၂၈ ရက်။
ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုးဦးစီးဌာနက ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။
မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရလည်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်၊ မြို့နယ်တချို့မှာ 26 ရက်နေ့မနက်ပိုင်းက ဖြစ်ပွားတဲ့ လေပြင်းနှင့်အတူ မိုးရွာသွန်းမှု အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေ သစ်ပင်ကြီးတွေ လဲကျတာတွေ အထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

