Headlines

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့လအတွင်း အလင်းဝင်ပူးပေါင်း ၊ လက်နက်ချ ၊ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးအထိ ရှိတယ်လို့ ထုတ်ပြန်

မတ်လ ၁၀ ရက်။

ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း အလင်းဝင်ပူးပေါင်းဝင်ပူးပေါင်းသူနု့ဲ လက်နက်ချ ၊ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သား ဦးရေ စုစုပေါင်း ၁၀ ဦးအထိ ရှိတယ်လို့ ပြည်သူ့ပန်းတိုင် အဖွဲ့က မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အလင်းဝင်ပူးပေါင်းလာသူတွေထဲမှာ အများစုက စစ်မှုထမ်းတပ်သားသစ်တွေ အများစုပါဝင်တယ်လို့လည်း ဖော်ပြထားပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း အလင်းဝင် ပူးပေါင်းနှင့် လက်နက်ချ ၊ စစ်သုံ့ပန်း စုစုပေါင်းဟာ ၂၀၀ ဦးခန့်ရှိတယ်လို့လည်း သိရပါတယ်။

ချင်းပြည်နယ်မှာ အလင်းဝင်ပူးပေါင်းလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် တပ်သား (၇) ဦးရှိပြီး၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူက စုစုပေါင်း ၃ ဦးရှိတယ်လို့လည်း ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ၄ လကျော်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဘက်က သေဆုံးတဲ့ စစ်သည် ရာချီရှိတဲ့ပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်ပူးပေါင်းသူ ၊ လက်နက်ချ အညံ့ခံတာ ၊ ဖမ်းဆီးရမိတာတွေလည်း ရှိနေတဲ့ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ပြောဆိုချက်တွေအရ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ ၊ စစ်သုံ့ပန်း ဦးရေ စုစုပေါင်းဟာ ၂၉၅၆ ဦးအထိ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *