
အာဆီယံအဖွဲ့ဝင်အရှေ့တီမောနိုင်ငံမှာ အရှေ့တီမောသမ္မတနဲ့ ချင်းလူအခွင့်အရေးအဖွဲ့ ( CHRO) ကိုယ်စားလှယ်တွေ တွေ့ဆုံမှုတွေ ရှိခဲ့ပြီး ရက်ပိုင်းအကြာ မနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးက သံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆင့်ခေါ်တွေ့ဆုံပြီး အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကို ထိတွေ့ဆက်ဆံတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက အသိပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ မြန်မာစစ်ကော်မရှင်ကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့ တီမောအစိုးတို့ တွေ့ဆုံတယ်လို့ ထုတ်ပြန်တာမရှိပေမယ့် ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ တီမောသမ္မတို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တွေ့ဆုံခဲ့တာကြောင့် အခုလို မြန်မာနိုင်ငံမှာရှိတဲ့ တီမောသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်သတိပေးတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ပြီး ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ အရှေ့တီမော(တီမောလက်စ်တေအစိုးရ)ကို ပြင်ပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက အသိပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါအပြင့် တိမောလက်စ်တေအစိုးရ အနေဖြင့် အာဆီယံ ပဋိညာဉ်နှင့် အာဆီယံရဲ့ အခြေခံမှုတွေကို လိုက်နာရန် ကတိပြုတဲ့ ၎င်းတို့ ကတိကဝတ်တွေကို ချိုးဖောက်တာလို့လည်း မြန်မာနိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်က တီမောသံရုံး ယာယီတာဝန်ခံကို ပြောခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ တီမောနိုင်ငံ ဒီလီမြို့မှာရှိတဲ့ သမ္မတနန်းတော်မှာ တီမောသမ္မတနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ ( CHRO) ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး ချင်းပြည်နယ်အပါဝင် မြန်မာနိုင်ငံတဝန်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို တင်ပြခဲ့တယ်လို့ CHRO ကထုတ်ပြန်ထားပါတယ်။

