

အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဗဟိုအစိုးရရဲ့ စီစဉ်ဆောင်ရွက်မှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်က မီဇိုးကျောင်းသားသမဂ္ဂ(MZP) နဲ့ Zo Re-unification Organization (ZORO) အဖွဲ့တွေက မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုင်ဇောလ်မြို့ Vanapa Hall ရှေ့မှာ ဒီကနေ့ ဇန်နဝါရီ ၁၆ မနက် ၁၁ နာရီမှာ ငြိမ်းချမ်းစွာစုရုံး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသတွင်းအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရသိရပါတယ်။
အိန္ဒိယ နဲ့ မြန်မာ နှစ်နိုင်ငံကြား အထူးသဖြင့် မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်အကြား နယ်စပ်ခြံစည်းရိုးခတ်မယ့် စီစဉ်ဆောင်ရွက်မှုတွေဟာ တိုင်းပြည်နှင့် လူမျိုးအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီ တစ်ဘက်နိုင်ငံက သွေးချင်းညီအကိုတွေနဲ့ ပိုင်းခြားဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တဲ့အတွက် ဆန့်ကျင် ကန့်ကွက်ရတာလို့ MZP နဲ့ ZORO ကဆိုထားကြောင်းလည်း သိရပါတယ်။
အိန္ဒိယဗဟိုအစိုးရအနေဖြင့် နယ်စပ်ခြံစည်းရိုးခတ်မယ့် စီမံကိန်းကို ပြန်လည်ရုပ်သိန်းဖို့ ၊ ဇို (ချင်း) လူမျိုးများ ပိုင်းခြားခြင်း အလိုမရှိကြောင်းနဲ့ နယ်စပ်ခြံစည်းရိုး ခတ်မယ့် အစီအစဉ်တွေကို ဆက်လက် ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ ဒီကနေ့ ဆန္ဒပြပွဲမှာ ပြိုင်တူ ကြွေးကြော်ခဲ့တယ်လို့လည်း သိရပါတယ်။
Free Movement Regime (FMR) လို့ခေါ်တဲ့ နှစ်နိုင်ငံကြား လွတ်လပ်စွာသွားခွင့်စနစ်ကို အိန္ဒိယဗဟိုအစိုးရက ဖျက်သိမ်းခဲ့ပြီးနောက် ကီလိုမီတာ ၁၆၀၀ ကျော် ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်ကို ခြံစည်းရိုးခတ်ဖို့ စီစဉ်နေတာဖြစ်ပြီး နယ်စပ်ခြံစည်းရိုးခတ်တာတွေကို မဏိပူရ်နယ်စပ်ဘက်မှာတော့ စတင်နေပြီတယ်လို့လည်း သိရပါတယ်။

