ပျောက်ဆုံးသွားတဲ့ နေ့ရက်များနဲ့ ၉ မိုင် မြေက အမှတ်တရ

By 𓆩 Thun Eain Khant 𓆪

တစ်ခါတလေ ဖုန်း Screen ထဲက အလုပ်ကိစ္စတွေကို ခဏဘေးဖယ်ပြီး မျက်စိမှိတ်လိုက်တိုင်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ၉ မိုင် တက္ကသိုလ်လမ်းမကြီးဆီကို စိတ်ကူးနဲ့ ပြန်ရောက်သွားတတ်တယ်။

❄️ မြူနှင်းတွေကြားက မနက်ခင်း

မှတ်မိသေးတယ်… မနက်စောစော နှင်းတွေက ဝေနေအောင်ကျလို့ အေးစိမ့်နေတဲ့ကြားထဲက 🛵ဆိုင်ကယ်မောင်းပီး ကျောင်းတက်ခဲ့ရတဲ့ နေ့ရက်တွေ။

မျက်နှာကို နှင်းမှုန်တွေ လာမှန်ရင် အေးခနဲဖြစ်သွားပေမဲ့ သူငယ်ချင်းတွေနဲ့ ဆုံရမယ့် ကျောင်းတော်ကြီးဆီ အရောက်သွားချင်တဲ့ စိတ်က ပိုနွေးထွေးခဲ့တာပေါ့ နှင်းဝေနေတဲ့ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်မောင်းရတာ ရုပ်ရှင်ထဲကအတိုင်းပါပဲ။

ကျောက်တစ်လုံး၊ ရှုခင်းသာ၊ သိုင်းငင်း နဲ့ တောင်ဖီလာ …… ပြီးတော့ ဆင်ရွာထန်းတော မှာ ထိုင်ပြီး အနာဂတ်အကြောင်းတွေ စိတ်ကူးယဉ်ခဲ့ကြတာတွေက မနေ့တစ်နေ့ကလိုပဲ။ အဲ့ဒီတုန်းကတော့ “ကျောင်းပုန်း” ပြီး လျှောက်လည်ရတာကိုက ဘဝရဲ့ အပျော်ဆုံးအချိန်တွေ ဖြစ်ခဲ့တာ။

ဒါပေမဲ့ … အချိန်တွေက အရာရာကို ပြောင်းလဲပစ်ခဲ့ပြီ။အခုပြန်ကြည့်လိုက်တော့ ငါတို့တတွေ လူမစုံနိုင်တော့ဘူး 🥺

• တချို့ကလည်း ဘဝရဲ့ အလှည့်အပြောင်းတွေကြားမှာ ထောင်နံရံ တွေနောက် ရောက်သွားခဲ့ရတယ်။

• တချို့ကလည်း မိသားစုနဲ့ ဝမ်းရေးအတွက် ပြည်ပ မြေမှာ ရုန်းကန်ရင်း အိမ်ပြန်လမ်းကို မျှော်နေရတုန်း။

• တချို့ကလည်း အိမ်ထောင်ရက်သား ကျလို့ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်နေကြရပြီ။

အဆိုးဆုံးကတော့ …

ငါတို့နဲ့အတူ ရယ်မောခဲ့တဲ့၊ အတူတူ ကျောင်းပုန်းခဲ့တဲ့ သူငယ်ချင်းတချို့ကတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ အရပ်မျက်နှာတစ်ခုဆီကို အပြီးတိုင် ထွက်ခွာသွားခဲ့ပြီ။

အမှတ်တရတွေက နေရာတိုင်းမှာ ရှိနေတုန်းပဲ။ဒါပေမဲ့ အဲ့ဒီနေရာတွေကို အတူသွားခဲ့တဲ့ သူငယ်ချင်းတွေကတော့ လူမစုံတော့ဘူး။ ၉ မိုင်မြေက မြူနှင်းတွေကတော့ #အရင်အတိုင်းရှိနေဦးမှာပဲ။ ငါတို့ရဲ့ ငယ်ဘဝတွေသာ မြူနှင်းတွေလိုပဲ ပျောက်ကွယ်သွားခဲ့ရတာ

#ပညာရှာတဲ့ အရွယ်ဆိုတာထက် ပျော်ရွှင်မှုတွေ အတူတူရှာခဲ့တဲ့ ထိုနေ့ရက်များကို လွမ်းဆွတ်မိပါတယ်။

ဘယ်သူတွေ ဘယ်ရောက်နေနေ၊ ဘယ်သူတွေပဲ ခွဲခွာသွားသွား … ငါတို့ရဲ့ ၉ မိုင်မြေက အမှတ်တရတွေကတော့ နှလုံးသားထဲမှာ အမြဲတမ်းရှင်သန်နေမှာပါ

#ငါတို့တွေတစ်နေ့ပြန်ဆုံဖြစ်ခဲ့ရင်… ဟိုးအရင်ကလို ကိုးမိုင်မြေမှာ မြူနှင်းတွေကြား ဆိုင်ကယ်မောင်းရင်း

ကျောင်းပြန်တက်ချင်သေးတယ်ကွာ

ဘဝရဲ့ မုန်တိုင်းတွေကြားမှာ ငါတို့တွေ လူမစုံနိုင်တော့ပေမဲ့

ကံကောင်းလို့သက်ရှိထင်ရှား ရှိနေသေးတဲ့၊ #အဆက်အသွယ်ရှိနေသေးတဲ့ သူငယ်ချင်းတွေကို Mention ခေါ်ပီး သတိရကြောင်းပြောပြလိုက်ပါ

𓆩 Thun Eain Khant 𓆪

Leave a Reply

Your email address will not be published. Required fields are marked *