Headlines

ဟားခါးမြို့နယ်အတွင်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် သားအမိ ၃ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

ဇန်နဝါရီလ ၅ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် Halta ရွာနဲ့ Haiphai ကျေးရွာတွေကိုစစ်ကော်မရှင်တပ်က မနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစုဝင် သားအမိ ၃ ဦးသေဆုံးပြီး ဖခင်ဖြစ်သူ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် Halta ကျေးရွာက ဒေသခံမိသားစု တစ်စုဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးနဲ့ မိခင် အသက် ၄၀ ကျော်အရွယ်ဟာ အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူဟာ ဗုံးစစိုက်ဝင်လို့ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အခုလို စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ်က Halta ရွာနဲ့ Haiphai ကျေးရွာကနေ အရပ်သားနေအိမ်တချို့လည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ ဟားခါးမြို့နယ် Halta ရွာနဲ့ Haiphai ကျေးရွာတွေကို ညသန်းခေါင်ယံအချိန်မှာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *