Headlines

မလေးရှားနိုင်ငံမှာ နိုဝင်ဘာလအတွင်း ချင်းလူမျိုး ၁၄၀ ကျော်အပါအဝင်မြန်မာနိုင်ငံသား ၆၉၃ ဦးဖမ်းဆီးခံရ

ဒီဇင်ဘာလ ၄ ရက်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၆၉၃ ဦးအထဲ ချင်းလူမျိုး ၁၄၀ ကျော်ခန့်လည်း ပါဝင်တယ်လို့ ရွှေ့ပြောင်းမြန်မာတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ Malaysia Myanmar Association – MMA အဖွဲ့ က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုနဲ့ မလေးရှားတစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၂၈၀၉ ဦး ရှိပြီး အဲဒီထဲမှာ ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၆၉၃ လည်း ဖမ်းဆီးခံရပြီး အဲဒီမှာ ချင်းလူမျိုး ၁၄၀ ကျော်ခန့်လည်း ဖမ်းဆီးခံရတယ်လို့ MMA အဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိဖမ်းဆီးခံရတဲ့စာရင်းဟာ MMA အဖွဲ့ရဲ့ စုဆောင်းရသလောက်သာဖြစ်ပြီး ဖမ်းဆီးခံရသူ ဦးရေဟာ ဒီထက်မက ပိုများနိုင်တယ်လို့လည်း MMA အဖွဲ့က ဆိုပါတယ်။

အဖမ်းအဆီးခံရချိန် အခက်ခဲရောက်နေသူတွေ တရားရုံးရင်ဆိုင်နေရသူတွေ ရှေ့နေအခက်အခဲရှိသူတွေ ထောင်ဝင်စာသွားတွေ့ရန် အခက်အခဲရှိသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေးမှာ လူတွေ့ချင်သူတွေအနေနဲ့ MMA အဖွဲ့ထံ အကူအညီတောင်းခံနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *