
By အောင်မြင့်
လေးတူချင်းနဲ့ လေးမြို့ချင်းမတူကြောင်း ရေးသားခဲ့ပြီးဖြစ်ပါတယ်။
လေးမြို့ချင်း ဆိုတာကို စာအုပ်စာတမ်းများမှာ တွေ့လာရပါတယ်။
ရခိုင်မှာ “လေးမြို့” ၊ ချင်းမှာ “လည်မျို” အစ။
ဒီနေ့မှာတော့ “လေးမြို့ချင်း” နဲ့ပတ်သက်ပြီး အနည်းငယ် တင်ပြပါမယ်။ ချင်း(၅၃)မျိုး ထဲမှာ “လေးမြို့”(Laymro) ဆိုပြီး အမှတ်စဉ်(၄၀)မှာ ပါဝင်တာကို အားလုံးသိကြ ပါတယ်။ လေးမြို့ဆိုတာက ရခိုင်လူမျိုးတွေက မြောက်ဦးမြို့နဲ့ (၅)ခန့်အကွာ မြစ်ရဲ့ ဟိုဘက်၊ ဒီဘက် အနီးအနားမှာ ရခိုင်ရှင်ဘုရင်တစ်ပါးက မြို့လေးမြို့ကို တည်ဆောက်ခဲ့လို့ လေးမြို့မြစ်ဆိုပြီး ခေါ်သွင်ခြင်းခံရသလို၊ လေးမြို့ခေတ်ဆိုပြီးလည်း ရခိုင်ဘုရင်ခေတ် တစ်ခေတ် ပေါ်ထွန်းခဲ့ပါတယ်။ ဒါပေမဲ့ မတူပီမြို့နယ်က ချင်းတွေကတော့ ဗမာလို “လည်မျို” လို့ပဲ ခေါ်ကြပါတယ်။ အဲဒီချောင်းမှာ ရှိတဲ့ သတ္တဝါ (အကောင်လို့ ပြောမလား၊ မိစ္ဆာကောင်ပြောရမလား)လည်ပင်းကို မြိုချလို့ လည်မျို လို့၊ ၎င်းကို အစွဲပြုပြီး “လည်မြိုချောင်း” လို့ ခေါ်ဆိုကြပါတယ်။ ချင်းလိုကျတော့ တောင်ပိုင်းချင်းအားလုံးက “ဖုန်းလောင်/ဖုန်လောင်” လို့ပဲ ခေါ် ကြပါတယ်။
လေးမြို့ချောင်းဧရိယာရှိ ချင်းလူမျိုးများ။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘုရားကြီးတစ်ဖက်ကမ်း ခြိတ်ချောင်း(ရခိုင်အခေါ်)၊ Khit Long(လေးတူချင်းအခေါ်)မှ စပြီး အထက်ပိုင်းမြစ်ကမ်းတစ်လျှောက်လုံးမှာ သော်လည်း၎င်း၊ ၎င်းမြစ်ကြေင်းဒေသတစ်ခုလုံးသော်လည်းကောင်း ချင်းလူမျိုးတွေသာ အဓိက နေထိုင်ကြပါတယ်။
Songlai-Mang un-Hiatuii ချင်းမျိုးနွယ်စုများ နေထိုင်ရာဒေသ။
လေးမြို့မြစ်ရဲ့ အောက်ပိုင်း မြောက်ဦးမြို့နယ်နှင့် ပလက်ဝမြို့နယ်တွေမှာ လေးတူချင်းထဲက ဘာသာစကားအုပ်စု တစ်ခုဖြစ်တဲ့ Songlai(Songlai Chin [csj]-ISO 639-3)ချင်းများ နေထိုင်ကြပါတယ်။ ခြိတ်ချောင်းမှသည် ဒလက်ကိုင်းအထိ(သို့မဟုတ် မြောက်ဦးမြို့နယ်) လေးမြို့မြစ်ကမ်း တစ်လျှောက် နေထိုင်ကြတဲ့ ချင်းမျိုးနွယ်စုကို Lai ချင်းမျိုးနွယ်စုများ၊ ဂါရာပြင်၊ ဒလက်ကိုင်းမှ အထက်ပိုင်း ဒေသတွေဖြစ်ကြတဲ့ အထက်သံထောင်(လေးမြို့မြစ်)၊ ဗန်းဘွေးနူး(ဝတ်ချောင်း)အထိ Song ချင်းမျိုးနွယ်စု၊ ဖားစင်နှင့် သံထောင်ရွာသစ်တို့မှာ Hiatuii ချင်းမျိုးနွယ်စုနှင့် အထက်သံထောင် (ဗန်းဘွေးစော)နှင့် ဗန်းဘွေးနူးတွေမှာ Mang Un ချင်းမျိုးနွယ်စုများ အဓိက နေထိုင်ကြပါတယ်။
(မှတ်ချက်။ ယခုအခါ အထက်သံထောင်ကျေးရွာတွင် တခြားချင်း အုပ်စုများစွာ နေထိုင်ကြပါတယ်)။
ကျေးရွာစာရင်းတွေကို ဖော်ပြလိုပါတယ်။
ပလက်ဝမြို့နယ်၊ ချင်းပြည်နယ်တောင်ပိုင်း၊ ဖုန်းလောင်/လေးမြို့ချောင်း(အောက်)ဧရိယာ။
၁။ ဗန်းဘွေးနူး(ဝတ်ချောင်း)
၂။ ဝတ်ချောင်းဝကျေးရွာ
၃။ သံထောင်(အထက်)/ ဗန်းဘွေးစော
၄။ သံထောင်(အောက်)
၅။ ပလိန်ချောင်းကျေးရွာ
၆။ ကြက်ဖတောင်
၇။ ဒါးလက်ကိုင်း
၈။ ခွေးခေါင်းကျေးရွာ
၉။ စုတ်ချောင်းကျေးရွာ
၁၀။ ဂါရာပြင်
Hiatuii ချင်းကျေးရွာ(၂) ရွာ
၁။ သံထောင်ရွာသစ်
၂။ ဖားစင်
မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်၊ ဖုန်းလောင်/လေးမြို့ချောင်း(အောက်)ဧရိယာ။
၁။ ပြည်လုံးကြီး
၂။ ကျောက်ပေါင်း
၃။ ပတ်ချောင်း
၄။ လက်ပံတော
၅။ မတီကိုင်း
၆။ ဆင်ကဲ
၇။ ကျီးချောင်း
၈။ ကုန်းချောင်း
၉။ စိုင်းတင်
၁၀။ ရှော်မေရွာ
၁၁။ ပန်းပေါင်
၁၂။ အုန်းတော(ဆင်စွယ်ကျိုး)
၁၃။ အလယ်ရွာ(ဆင်စွယ်ကျိုး)
၁၄။ ဂျပ်/ဂျတ်ချောင်း(ဆင်စွယ်ကျိုး)
၁၅။ ခြိတ်ချောင်း
မှတ်ချက်။ အထက်ပါ ကျေးရွာများတွင် ဖော်ပြထားသော ချင်းမျိုးနွယ်စုများ အဓိကနေထိုင်သည့် ကျေးရွာများဖြစ်သော်လည်းပဲ ယခုအခါ လူမှုစီးပွားကူးသန်းမှုအရ တခြားချင်းအုပ်စုများလည်း အနည်းအများနေထိုင်ကြပါတယ်။
Daai/Dai ချင်းဧရိယာ၊ ပလက်ဝမြို့နယ်။
Daai/Dai ချင်းမျိုးနွယ်စုများဟာ သံထောင်မှ (၂)မိုင်ခန့်အကွာတွင် တည်ရှိသည့် ခိုဖေရှေ(ကိုဖေစော) ကျေးရွာမှ စပြီး အထက်ပိုင်း လေးမြို့မြစ်ကြောင်း တစ်လျှောက်လုံးမှာ နေထိုင်ကြပါတယ်။
လေးတူချင်းတွေကတော့ ဒီချင်းမျိုးနွယ်စုကို Vet (ကိုဖေစောမှ ပိုင်ချောင်းအောက်ပိုင်း အထိနှင့် အောက်သံချောင်းဒေသ၊ မောစုန်းကြီးဝန်းကျင်ကျေးရွာများ)၊ Khu (ဟုမ်းကျေးရွာမှ လုံးတူအထက်ပိုင်းဒေသအထိ) နှင့် Haang (မကွီအိမ်နူး၊ မှုန်းတူးနူး ကျေးရွာ…စသည့်ဒေသများ(အထက်ပိုင်းအကျဆုံး/မင်းတပ်မြို့နယ်ဘက်ခြမ်းရှိအုပ်စုများကို) ဆိုပြီး ခေါ်ဆိုကြပါတယ်။
လေးမြို့ချင်းအစ။
လေးမြို့ချင်း ဆိုတဲ့ အသုံးအနှုန်းဘယ်စနေ စတင်ပေါ်ပေါက်လာသလဲဆိုရင် ချင်း(၅၃)မျိုးသတ်မှတ်ခဲ့ကြတဲ့ ဦးနေဝင်းခေတ်ကလို့ ပြောလို့ ရပါတယ်။ နောက်ပိုင်းမှာတော့ မောင်ပုဆိုးကြမ်းရဲ့ တိုင်းရင်းသားလူမျိုးများအဘိဓာန်စာအုပ်နှင့် ဆလိုင်းသန့်စင်မျိုးမြင့်ရဲ့ ရန်ကုန်တက္ကသိုလ်မှာ M.A thesis အဖြစ် တင်သွင်းခဲ့တဲ့ “Traditional Judicial System of Lay Myo Chin” မှာ တွေ့ရတယ်။ တခြား စာအုပ်စာတမ်းနှင့် အရေးအသားတွှေမှာလည်း တွေ့ရနိုင်ပါတယ်။
လိုအပ်တဲ့ ဒေတာတွေ ကော်မန့်မှာ ဖြည့်ပေးကြပါခင်ဗျာ။
ကျေးဇူးတင်ပါတယ်။
ကိုးကားချက်များ
1. https://www.ethnologue.com/language/csj/
2. https://www.ethnologue.com/language/dao/
3. Salai Thant Zin Myo Myint, Traditional Judicial System of Lay Myo Chin (Yangon: University of Yangon),2010.
4. မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများအဘိဓာန်စာအုပ်။
5. လေးမြို့လူမျိုး https://my.wikipedia.org/…/%E1%80%9C%E1%80%B1%E1%80%B8…
အောင်မြင့်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်။

