Headlines

UNHCR ကဒ် မတရားသိမ်းခံရပြီး ဒီကနေ့ချိန်ထိ မရသေးတဲ့ ချင်းဒုက္ခသည်တွေ နာမည်စာရင်းပေးအပ်ဖို့ အသိပေး

စက်တင်ဘာလ ၁၇ ရက်။

မလေးရှားနိုင်ငံမှာ UNHCR ရဲ့ Chin Cessation policy ခေါ် ချင်းဒုက္ခသည်များ ဒုက္ခသည်အဖြစ်မှ ရပ်ဆဲခြင်းကာလ ၂၀၁၇ ၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်အတွင်း UNHCR ကဒ် မတရားသိမ်းခံရပြီး ကဒ်ပြန်ပေးရန် အဖွဲ့အစည်းအသီးသီးမှ အသနားခံစာတင်ထားသော်လည်း ဒီကနေ့ချိန်ထိ မရသေးတဲ့ မလေးရှားရောက် ချင်းဒုက္ခသည်တွေ အနေနဲ့ သက်ဆိုင်ရာချင်းအဖွဲ့အစည်းတွေဆီကနေ နာမည်စာရင်း နဲ့ လက်ရှိကိုင်ဆောင်တဲ့ ဖုန်းနံပတ်တွေပေးဖို့ မလေးရှားရှိ ချင်းအဖွဲ့အစည်းအသီးသီးက အသိပေးထုတ်ပြန်ထားပါတယ်။

Dai Community in Malaysia က တာဝန်ရှိသူတစ်ဦးက “အဖွဲ့အစည်းတိုင်းရဲ့ ရုံး Email ကနေတဆင့် အရင်က ချင်းဒုက္ခသည်ကဒ်သိမ်းခံရပြီး ပြန်မရတဲ့သူတွေရှိရင် နာမည်စာရင်းပေးပို့ဖို့ UN ရုံးဘက်က လာတောင်းလို့ဖြစ်တယ်။ ခုနှစ်တော့ မတိကျဘူး UN ကဒ် ရပြီးမှ ပြန်လည်အသိမ်းခံရသူအားလုံးတွက်လည်း အကျုံးဝင်တယ်” လို့ပြောပါတယ်။

UNHCR ကဒ်နဲ့ ရက်ချိန်းတွေ ပြန်လည်ရရှိခြင်း မရှိသေးတဲ့ (13C – UNHCR ကဒ်ကိုင်) မလေးရှားရောက်ချင်းဒုက္ခသည်တွေအနေနဲ့ အမည်စားရင်းနဲ့ လက်ရှိကိုင်ဆောင်ထားတဲ့ ဖုန်းနံပက်တွေကို သက်ဆိုင်ရာ ချင်းအဖွဲ့အစည်းတွေထံ အမြန်ဆုံးလာရောက်ပေးအပ်ကြဖို့ကို ချင်းအဖွဲ့အစည်း အသီးသီးက စက်တင်ဘာလ ၁၇ ရက်နေ့မှာ အသိပေးထားကြပါတယ်။

အမည်၊ UNHCR ဖိုင်နံပါတ်၊ UNHCR ကိုယ်ပိုင်နံပတ်၊ လက်ရှိုဖုန်းနံပတ်နဲ့ လက်ရှိနေထိုင်တဲ့ ပြည်နယ် တွေကို သက်ဆိုင်ရာ မလေးရှားရောက် ချင်းအဖွဲ့အစည်းတွေထံ စက်တင်ဘာလ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး ပေးအပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *