Headlines

မလေးရှားရောက် မြန်မာတွေ ဇူလိုင်လ ၂၆ ရက်နေ့မှာ ကွာလာလမ်ပူမြို့တွင်း မလိုအပ်ဘဲ သွားလာခြင်း မလုပ်ကြဖို့ အထူးသတိပေး

ဇူလိုင်လ ၂၄ ရက်။

မလေးရှားနိုင်ငံရောက် မြန်မာတွေအနေနဲ့ လာမယ့် စနေနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ မလေးရှားနိုင်ငံသားတွေ ဆန္ဒပြချီတက်တာတွေလုပ်နိုင်တာကြောင့် အထူးသဖြင့် အထောက်ထားမဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ Merdeka Dataran နေရာတဝိုက် (သို့မဟုတ် ) ကွာလာလမ်ပူမြို့ အတွင်းမလိုအပ်ဘဲ သွားလာခြင်း မလုပ်ကြဖို့ Alliance of Chin Refugees (ACR) က ဇူလိုင် ၂၃ ရက်နေ့မှာ သတိပေးချက်ထုတ်ထားပါတယ်။

လာမယ့် စနေနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ မလေးရှားနိုင်ငံသားတွေဟာ Sogo , Pasar, Seni , Masjid India နှင့် Kg Baru စတဲ့ နေရာအသီးသီးကနေ Merdeka Dataran ထိ ဆန္ဒပြချီတက်ခြင်း ပြုလုပ်နိုင်ကြောင်း ဒါကြောင့် လုံခြုံရေးအရ ရဲအင်အားတိုးချဲ့ချထားကြကြောင်း ACR အနေနဲ့ သတင်းတွေ ရရှိထားတာကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ အထူးသဖြင့် အထောက်ထားမဲ့တွေအနေနဲ့ Merdeka Dataran နေရာတဝိုက် (ဒါမှမဟုတ်) ကွာလာလမ်ပူမြို့အတွင်း မလိုအပ်ဘဲ သွားလာခြင်း မပြုလုပ်ဖို့ အထူးသတိပေးထားတာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံမှာ အထောက်ထားမဲ့ ရွှေ့ပြောင်းနေထိုင်တဲ့ နိုင်ငံခြားသားတွေကို ယခုနှစ်အစောပိုင်းကတည်းကနေ အခုအချိန်အထိ အဖမ်းအဆီးတွေ တောက်လျှောက်လုပ်နေပြီး ဖမ်းဆီးခံရသူတွေကို နေရပ်ပြန်ပို့တာ၊အရေးယူတာတွေကို မလေးရှားအာဏာပိုင်တွေက ဆက်လက်လုပ်ဆောင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *